
ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေးလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ဖြန့်ဝေခဲ့တာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။
ဖြန့်ဝေနေတဲ့ပို့စ်တွေမှာ “ရခိုင်တွေ ပြသာနာတတ်ကုန်ပြီ”လို့ရေးသားလျှက် “ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေး”လို့ ရေးသားထားပြီးဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ “Thai News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဇန်နဝါရီ ၈ ရက်က အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive links
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ ရခိုင်ပြည်လွှတ်မြောက်ရေးတပ်မတော် (ALA)စစ်ဦးစီးချုပ် လုပ်ကြံသတ်ဖြတ်ခံအရအပြီးမှာ ဒီလိုမျှဝေလာတာဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ မြန်မာစစ်တပ်ဦး ဆောင်ကျင်းပတဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်ပြီးအပြန် စစ်တွေမြို့ အာဂျိတ်တွေ ကုန်းမှာ ALP/ALA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စောမြလုပ်ကြံခံလိုက်ရတဲ့ သတင်းဖော်ပြချက်ကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်မှားနဲ့ လူတွေကို လှည့်စားထားတာပဲဖြစ်ပါတယ်။ ALP/ALA စစ်ဦးစီးချုပ်အပါအဝင် ၃ ဦးလုပ်ကြံသတ်ဖြတ်ခံရမှုကို ALP ကတော့ AA ရဲ့ လုပ်ရပ်လို့ လျင်လျင် မြန်မြန်ပဲစွပ်စွဲထားပြီး AA ဘက်ကတော့ သူတို့လုပ်ရပ်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ လွတ်လပ်တဲ့အာရှအသံက သတင်းဖော်ပြချက်ကို အောက်မှာကြည့်ပါ။
သုံးသပ်ချက်
ဗွီဒီယိုပါအကြေင်းအရာဟာ ALP စစ်ဦးစီးချုပ်သတ်ဖြတ်ခံရမှုသတင်းကို ပြန်လည်ကူးယူဖော်ပြမှုဖြစ်ပါတယ်။ ဒီလိုပြန်လည်ကူးယူဖော်ပြရာမှာ အွန်လိုင်းအသုံးပြုသူတွေကို လှည့်စားဖို့အတွက် သတင်းခေါင်းစဉ်တုနဲ့ AA က ALP တွေအကုန်းလုံးသတ်ခိုင်းတယ်ဆိုပြီးတော့ သတင်းတုသတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Title:Fact Check: ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေးဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: နေရာမောင်Result: False