Fact Check: ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကနေပြန်လွတ်လာပြီး နေပြည်တော်နေ အိမ်ပြန် လည်ရောက်ရှိလာပြီလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားထပ်မံဖြန့်ဝေ လာတာတွေ့ရပြီး ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိမှုဖြစ်ပါတယ်။

“အမေစု နေပြည်တော် နေအိမ်ပြန်လည်ရောက်ရှိ”လို့ ရေးသားပြီး “Prus new” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဖေဖော်ဝါရီ ၁၉ ရက်မှာ ဖြန့်ဝေလာတာတွေ့ရပြီး ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။  ဗွီဒီယိုထဲမှာလည်း သတင်းတင်ဆက်သူက “မင်္ဂလာပါရှင် ဒေါ်အောင်ဆန်းစုကြည်နေ အိမ်ပြန်ရောက်ခဲ့ ပါပြီ။တရားရုံးတော်ကယနေ့ မှာပဲအကျဉ်းချုပ်ကနေအိမ်အကျယ်ချုပ်သို့ပြောင်းလဲ သတ်မှတ်လိုက်ပြီဟု အမိန့်ချမှတ်လိုက်ပါတယ်။ အားလုံးပဲဝမ်းသာစရာသတင်းဖြစ်မယ်လို့မျှော်လင့်မိကြပါတယ်။”စသည်ဖြင့် ကြေညာခဲ့လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ ယခုသတင်းတု ဗွီဒီယိုကို ၂၀၂၂ ခုနှစ် စက်တင်ဘာထဲမှာလည်းဖြန့်ဝေခဲ့ပါတယ်။ Fact Crescendo Myanmar ကအချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အကျဉ်းထောင်ထဲမှာပဲရှိနေပြီး သေးငယ်လှတဲ့ အဆောက်အဦတစ်ခုမှာ ပင်ပန်းဆင်းရဲစွာနဲ့ ဖြတ်သန်းနေရတယ်လို့ အဲ့ဒီအချုပ်ထောင်ထဲမှာ ၁၈လကျော်ကြာ နေထိုင်ခဲ့ရပြီး မကြာသေးခင်ကမှ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ် မြောက်လာတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက Myanmar Now ကို ပြောထားတာတွေ့ရပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်း သားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာအာဏာသိမ်းစစ်တပ်ကို အမေရိကန်အထက်လွှတ်တော် အမတ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဝိုင်းဝန်းတောင်းဆိုခဲ့ပါသေးတယ်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD ထိပ်တန်း တာဝန်ရှိသူ အများအပြားကို အာဏာသိမ်းစစ်တပ်က ထောင်ဒဏ်နှစ်ရှည်ချထားပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်ကြမ်း ၃ နှစ် အပါအဝင် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရပါတယ်။ 

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အကျဉ်းထောင်ထဲမှာပဲရှိနေသေးပြီး ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ကနေပြန်လွတ်လာပြီး နေပြည်တော်နေအိမ်ပြန်လည်ရောက်ရှိဆိုတာ သတင်းတု သတင်းမှားဖြစ်ပါတယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *