
မြန်မာနိုင်ငံမှာ နေ့အပူချိန် အမြင့်ဆုံးလတွေကိုရောက်ရှိဖြတ်သန်းနေရချိန်ဖြစ်ပြီး ရာသီဉတုပူပြင်းမှုဒဏ်ရဲ့ နောက်ဆက်တွဲအဖြစ် အသက်အန္တရာယ်အထိရှိနိုင်တဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အပူဒဏ်အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။
ဒီလိုအခြေအနေမျိုးမှာ “မြတ်လေး နွယ်” နဲ့ “Thae Thae” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက “မေလ ၁၂ ရက် ၁၃ ရက် အပူချိန် ၄၈-၄၉-၅၀ အထိ တက်မယ်တဲ့ အားလုံးဂရုစိုက်ကြပါစို့လားဗျာ” ဆိုတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်
ပထမဆုံး ရာသီဉတုဆိုင်ရာ သတင်းအချက်အလက်တွေကို ပုံမှန်ထုတ်ပြန်ပေးနေတဲ့ “မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြား မှုဉီးစီးဌာန”ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို သွားရောက်ပြီး အချက်အလက်ရှာဖွေရာမှာ “(၁၂.၅.၂၀၂၀) ရက်နေ့ နံနက် (၇:၀၀)နာရီအချိန် မိုးလေဝသ သတင်း” ဗွီဒီယိုမှာ အစီအစဉ်တင်ဆက်သူက အောက်ပါအတိုင်းပြောကြားထားပါတယ်။
“နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက် ဒီနေ့ညနေအထိ ခန့်မှန်းချက်မှာ နေရာကွက်ကျားမိုးထစ်ချုံးရွာနိုင်ပြီး အမြင့်ဆုံးအပူချိန်မှာ ၄၁ ဒီဂရီ စင်တီဂရိတ်၊ ၁၀၆ ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက ်အတွက် ဒီနေ့ညနေအထိ ခန့်မှန်းချက်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး အမြင့်ဆုံးအပူချိန်မှာ ၄၁ ဒီဂရီ စင်တီဂရိတ်၊ ၁၀၆ ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ မန္တလေးမြို့ နဲ့အနီးတစ်ဝိုက် အတွက် ဒီနေ့ညနေအထိ ခန့်မှန်းချက်မှာ နေရာကွက်ကျားမိုးထစ်ချုံးရွာပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂ ဒီဂရီ စင်တီဂရိတ်၊ ၁၀၈ ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်”ဆိုပြီးတော့ ဖော်ပြထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
မိုးလေဝသခန့်မှန်းချက်တွေထုတ်ပြန်တဲ့ဝက်ဘက်ဆိုဒ်တစ်ခုဖြစ်တဲ့ weather.com အရလည်း မန္တလေးမြို့နဲ့ အနီး တစ်ဝိုက်အတွက် ယနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်အချိန် ခန့်မှန်း ချက်အရလည်း ၃၆ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ၄၂ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ မြန်မာနိုင်ငံမှာ အမြင့်ဆုံးအပူချိန်တွေ တွေ့ကြုံခံစားရလေ့ရှိတဲ့ ချောက်မြို့နယ်ရဲ့ လာမယ့် ၁၀ ရက် အတွင်းမိုးလေဝသခန့်မှန်းချက်မှာလည်း အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်ကနေ ၅၀ ဒီဂရီစင်တီဂရိတ်အထိရှိမယ်လို့ ခန့်မှန်းချက်မျိုးမတွေ့ရပါဘူး။

သုံးသပ်ချက်အထက်ပါအချက်အလက်တွေအရ “မေလ ၁၂ ရက် ၁၃ ရက် အပူချိန် ၄၈-၄၉-၅၀ အထိ တက်မယ်”ဆိုတဲ့ အချက် အလက်ဟာ အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။ အပူဒဏ်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်မယ့်နည်းလမ်းတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက် နှာမှာဝင်ရောက်ကြည့်ရှူ့နိုင်ပြီး မိုးလေဝသ သို့မဟုတ် အပူချိန်နဲ့ ပတ်သက်သော ခန့်မှန်းချက်တွေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဉီးစီးဌာနရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

Title:မေ ၁၂ နဲ့ ၁၃ မှာ အပူချိန် ၄၈ ကနေ ၅၀ ဒီဂရီစင်တီဂရိတ်အထိရှိလာနိုင်တယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False