Fact Check: ကျောက်ဆည်အချုပ်ထောင်ကို အချုပ်သားများ မီးရှို၊သေနတ်လုပစ်ခတ်မှု ၅၈ ဦးသေဆုံးဆိုတဲ့နားလည်မှုလွဲစေနိုင်တဲ့သတင်းမှား

False နိုင်ငံရေး | Politics

ကျောက်ဆည်အချုပ်ထောင်မီးရှို့လိုက်ပြီ၊အချုပ်သားများက သေနတ်လုပြီးပစ်ကုန်ပြီ၊စစ်ခွေး (၅၈) ဦး သေဆုံးဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်း ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။

ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ကျောက်ဆည်အချုပ်ထောင်မီးရှို့လိုက်ပြီ၊အချုပ်သားများက သေနတ်လုပြီး ပစ်ကုန်ပြီ၊ စစ်ခွေး (၅၈) ဦး သေဆုံး “စသည် ဖြင့် ရေးသားကာ “Get the Light”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ 

မူရင်းလင်ခ့် –FB linkArchive link

အလားတူ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာမှာ တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

၁၀မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်တစ်ခုလုံးမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “ကျောက်ဆည်အချုပ် ထောင်မီးရှို့ လိုက်ပြီ၊အချုပ်သားများက သေနတ်လုပြီးပစ်ကုန်ပြီ၊စစ်ခွေး (၅၈) ဦး သေဆုံး”ဆိုတဲ့ အကြောင်းအရာ မပါဝင် ပါဘူး။ 

အမှန်တကယ် အသံဖိုင်ထဲမှာ  ပါဝင်တဲ့အကြောင်းအရာတွေက ” နိုင်ငံရေးအကျဉ်းသားများ ရှိနေသည့် ကျောက်ဆည်အချုပ်ထောင်တွင် ပစ်ခတ်မှုများဖြစ်ပြီး နာရေးကားများ ဝင်ထွက်နေ” ၊“အာဆီယံအကျပ်ရိုက် နေသော မြန်မာ့အရေး အမေရိကန် ဦးဆောင်ကိုင်တွယ်သင့်ပြီ” စတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းနဲ့ သတင်းဆောင်းပါးကို ပြန်လည်ဖတ်ကြားနေတာသာဖြစ်ပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ “ကျောက်ဆည်အချုပ်ထောင်မီးရှို့လိုက်ပြီ၊အချုပ်သားများက သေနတ်လုပြီး ပစ်ကုန်ပြီ၊စစ်ခွေး (၅၈) ဦး သေဆုံးဆိုတဲ့” ဆိုတဲ့သတင်းဟာ လူစိတ်ဝင်စားမှုရရှိအောင်  သတင်းခေါင်းစဉ်တုနဲ့ မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: ကျောက်ဆည်အချုပ်ထောင်ကို အချုပ်သားများ မီးရှို၊သေနတ်လုပစ်ခတ်မှု ၅၈ ဦးသေဆုံးဆိုတဲ့နားလည်မှုလွဲစေနိုင်တဲ့သတင်းမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *