
ငွေကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်ကျပ်တန်တွေကို ဖျက်သိမ်းပြီး ၂ သောင်းကျပ်တန်တွေနဲ့ အစားထိုးမယ်၊ စစ်ကောင်စီထုတ်တဲ့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူဖျက်သိမ်းခံရကြောင်း သတင်း ဌာနများက အတည်ပြုကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှု အား ကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“ကျပ် ၁ သောင်း နဲ့ ကျပ် ၅ ထောင်တန်ကို ဖျက်သိမ်း၊ ကျပ် ၂ သောင်းတန်နဲ့ အစားထိုးမည်။ မင်းအောင်လှိုင် ကိုယ်တိုင် ကြေညာ” လို့ ရေးသားထားပြီး “ကျပ် (၁)သောင်းနဲ့ကျပ် (၅)ထောင်တန်ကို ဖျက်သိမ်း/ (၂)သောင်းတန်ကျပ်နဲ့ အစားထိုးမည်” လို့ “News In Burmese” အမည်နဲ့ ယူကျု့ချန်နယ်က ဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အခြားသောပြောဆိုမှုတခုမှာတော့ “တနိုင်ငံလုံးအရေးပေါ်ပြီ လုံးဝကျော်မသွားကြနဲ့အမြန်နားထောင် မအလ ကျပ် ၂၀၀၀၀တန်ငွေစက္ကူ ဖျက်သိမ်းခံရပြီလုပ်ကြံခံရပြီဟေ့လုံးဝထူးပြီ အခုပဲ သတင်းဌာနအားလုံးအတည်ပြု ကြေညာလိုက်ပြီ” ဆိုတဲ့ စာသားနဲ့ “The Burmese’s On Air”အမည်နဲ့ ယူကျု့ချန်နယ်က ဖော်ပြခဲ့ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်မှာ ထုတ်ဝေမယ်ဆိုပြီးတော့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်တည်ထားတဲ့ ဘုရားပြီးစီးခြင်းနဲ့ ဆင်ဖြူတော် ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ငွေစက္ကူအသစ် ၂ သောင်း တန်ကို ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး ဟောင်းနွမ်းပျက်ဆီးနေတဲ့ ငွေစက္ကူတွေကို အစားထိုး လဲလှယ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၅ ထောင်တန်နဲ့ ၁ သောင်းကျပ်တန် ကို အစားထိုး ဖျက်သိမ်းမယ်လို့ ကြေညာခဲ့ခြင်းမရှိပါဘူး။
ဒီဗွီဒီယိုဖိုင် ၂ခုကို စိစစ်ကြည့်ရာမှာ ငွေကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်ကျပ်တန်တွေကို ဖျက်သိမ်းပြီး ၂ သောင်း ကျပ်တန်တွေနဲ့ အစားထိုးမယ်၊ စစ်ကောင်စီထုတ်တဲ့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူဖျက်သိမ်းခံရမယ်ဆိုတဲ့ သတင်း အကြောင်းအရာတွေကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။
အောက်ပါစခရင်ရှော့ကတော့ ကျပ် ၂ သောင်း တန် ထုတ်ဝေမယ့်အကြောင်းကိုလည်း သတင်းမီဒီယာတခုက ဖော်ပြချက်ကို ကြည့်ပါ။

စစ်ကောင်စီထုတ်တဲ့ ကျပ် ၂ သောင်း တန်ဟာ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားနေတဲ့ စီးပွားရေးပျက်ကပ်မှာ ထုတ်တာမို့လို့ ဒီငွေထုတ်တာဟာ တရားမဝင်ဘူးဆိုပြီးတော့ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)ကတော့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ငွေထုတ်ဝေမယ့် စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာမှုမဟုတ်ပါဘူး။
သုံးသပ်ချက်
ကျပ် ၂၀၀၀၀ တန်ဟာ တရားမဝင်ဘူးဆိုပြီးတော့ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG) က ကြေညာခဲ့တာ မှန်ပေမဲ့ ကျပ် ၅၀၀၀ တန်နဲ့ ကျပ် ၁၀၀၀၀ တန်တွေကို ဖျက်သိမ်းပြီး ထုတ်ဝေမယ်ဆိုတာမဟုတ်ပါဘူး။ မူလ စစ်ကောင်စီ ဗဟိုဘဏ်က ကြေညချက်မှာလည်း ဟောင်းနွမ်း ငွေစက္ကူတွေကို အစားထိုးလှယ်ပေးပြီး အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေမှုအဖြစ်ဖော်ပြထားပါတယ်။
ပြောဆိုချက်- ငွေကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်ကျပ်တန်တွေကို ဖျက်သိမ်းပြီး ၂ သောင်းကျပ်တန်ကို အစားထိုးထုတ်ဝေ

Title:Fact Check: ကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်တန်ကိုဖျက်သိမ်းပြီး ၂ သောင်းတန် ထုတ်တဲ့သတင်းတု
Written By: Zun ZeeResult: Misleading