Fact Check:  နာရီအရောင်းပြတ်လပ်လို့ တောင်းပန်နေတဲ့ပုံလား-မဟုတ်ပါ

False စီးပွားရေး | Economy

ဂျပန်ထုတ်လုပ်သူတွေဘက်က မထုတ်နိုင်သေးတာကြောင့် ပစ္စည်းပြတ်လပ်ပြီး မြန်မာနိုင်ငံမှာ ဂျပန်စမတ်နာရီ ရောင်းချမှုရပ်ဆိုင်း ရတော့မှာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေက တောင်းပန်လိုက်ကြောင်းဆိုပြီး ကြော်ငြာရောင်း ချနေတဲ့ ဖေ့စ်ဘွတ်ပို့စ် တခုကို Fact Crescendo Myanmar ကသတိပြုမိပါတယ်။ သတင်းမှားတခုဖြစ်တယ်။ မသက်ဆိုင်တဲ့ ဓာတ်ပုံတွေကို အသုံးပြုကြော်ငြာနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“⛔️ တရားဝင် တောင်းပန်မှု- ဂျပန်စမတ်နာရီများကို မြန်မာနိုင်ငံတွင် ရောင်းချခြင်းမှ ရပ်စဲပါ။

ကျွန်ုပ် – Remax Myanmar ဘဏ်ခွဲမန်နေဂျာအဖြစ် Kabuto Hiroihisa ာ- လောလောဆယ် ဂျပန်ထုတ်လုပ်သူများ မထုတ်လုပ်နိုင်သေးသောကြောင့် လက်ကျန်နာရီများ ပြတ်တောက်သွားပါသည်။ လက်ရှိတွင် ကုန်ပစ္စည်းများ အလွန်ရှားပါးနေပါသည်။ ဤပစ္စည်းများကို တင်သွင်းလို့မရတော့ပါ။ !!

🙏တောင်းပန်ပါတယ်။ ဒါကြောင့် နောက်ဆုံး အလုံးရေ 1000 ကိုသာ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမြတ်မယူဘဲ အခမဲ့ ပို့ဆောင်ပေးသည်။ ဤ website မှတဆင့်သာ ကုန်ပစ္စည်းကို ယုံကြည်စွာ အသုံးပြုခဲ့ကြသော Customer များအားလုံးကို တောင်းပန်အပ်ပါသည်”

မူရင်းလင်ခ့် – Fb link | Archive link

အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“❗❗❗တရားဝင် တောင်းပန်မှု- ဂျပန်နိုင်ငံမှ Masahiro စမတ်နာရီများ ရောင်းချမှု ရပ်တန့်ခြင်းနှင့် ပတ်သက်၍

🙇‍♂️ကျွန်ုပ်တို့သည် ဂျပန်နိုင်ငံမှ Masahiro စမတ်နာရီ ထုတ်ကုန်များ၏ သီးသန့်ဖြန့်ဖြူးသူဖြစ်သည်။ ဂျပန်ထုတ်လုပ်သူမှ မထုတ်လုပ်တော့သောကြောင့် ကျွန်ုပ်တို့၏ထုတ်ကုန်များသည် လက်တလောတွင် လက်ကျန်ဖြစ်နေကြောင်း လူတိုင်းအား အသိပေးလိုပါသည်။ အလွန်ရှားပါးသောပစ္စည်းများကို မတင်သွင်းတော့ပါ။

🙏 ဤဖြစ်ရပ်ကြောင့် ကျွန်ုပ်တို့သည် နောက်ဆုံး Masahiro စမတ်နာရီ 200 ကို 50% လျှော့စျေး + တစ်နိုင်ငံလုံး အခမဲ့ ပို့ဆောင်ပေးသည်၊ တောင်းပန်ပြီး ကျေးဇူးတင်ပါသည်။ ကျွန်​​တော်​တို့ရဲ့ Products ​တွေကို အမြဲယုံကြည်​​နေ​သော Customer များအားလုံးအတွက်​။ ထုတ်ကုန်ကို ဒီလင့်ခ်မှာ ဝယ်ယူနိုင်ပါတယ်။”

အချက်အလက်စိစစ်ချက်

အခုလို ပစ္စည်းပြတ်လပ်နေလို့ စမတ်နာရီရောင်းချမှုရပ်ဆိုင်းရမှာဖြစ်ကြောင်း တောင်းပန်နေတဲ့ ဆိုတဲ့ ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

ဓာတ်ပုံဟာ လေယာဉ်ဆင်းသတ်စဉ် ပျက်ကျမှုဖြစ်ပြီး ခရီးသည်တွေ ထိခိုက်သေဆုံးရမှုအတွက် တောင်ကိုရီးယား အခြေစိုက် Asiana လေကြောင်းလိုင်းတာဝန်ရှိသူတွေက တောင်းပန်နေတဲ့ ပုံဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်က ဒီလေကြောင်းလိုင်းပိုင် Boeing 777 လေယာဉ်တစ်စီးဟာ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို လေယာဉ် ကွင်းမှာ ဆင်းသက်စဉ် ပျက်ကျခဲ့ပြီး ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ Asiana လေကြောင်း လိုင်း ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ် ယွန်းယောင်းဒိုး(Yoon Young-doo)နဲ့ ကုမ္ပဏီဘုတ်အဖွဲ့က တောင်းပန်နေတဲ့ ဓာတ်ပုံဖြစ်တယ်။

မူရင်းလင်ခ့် – ABC news | Archive link

အခြားသော တောင်းပန်နေတယ်ဆိုတဲ့ ဓာတ်ပုံတွေကိုလည်း ဒီလင့်ခ်မှာတွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းက အသင်းဝတ်စုံတွေနဲ့ ပြည့်တန်ဆာကို လိင်ဆံဆက်တာ မိသွားခဲ့တဲ့ ဂျပန်ဘက်စ်စကတ် အားကစား သမားတွေက တောင်းပန်နေပုံဖြစ်တယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဂျပန်ဘက်က နာရီထုတ်လုပ်သူတွေက ပစ္စည်းပြတ်လတ်သွားလို့ တောင်းပန်ကြ တယ်ဆိုထားတဲ့ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကိုရီးယား လေကြောင်းလိုင်းက တောင်းပန် နေပုံနဲ့ ဂျပန်အားကစားသမားတွေ တောင်းပန်နေပုံကို ယူသုံးပြီး သတင်းမှားဖြန့်ချိထားခြင်းဖြစ်တယ်။ ဒီလိုကြော်ငြာထားတဲ့ ထုတ်ကုန်ဟာ အရည်အသွေးဖြစ်စေ မှန်ကန်မှုဖြစ်စေ စိတ်မချရဖွယ်မရှိလို့ သတိပြုစေ လိုပါတယ်။

ပြောဆိုချက်- ဂျပန်ထုတ်လုပ်သူတွေဘက် မြန်မာနိုင်ငံမှာနာရီရောင်းချမှုရပ်ဆိုင်းရခြင်းအတွက် တောင်းပန်

Avatar

Title:Fact Check: နာရီအရောင်းပြတ်လပ်လို့ တောင်းပန်နေတဲ့ပုံလား-မဟုတ်ပါ

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *