Fact Check: လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ကို ကရင်နီလွတ်မြောက်ရေး တပ်တွေက သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းမှား

နိုင်ငံရေး၊

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ကို ကရင်နီလွတ်မြောက်ရေး တပ်တွေက သတ်ဖြတ်လိုက်တယ်ဆိုတဲ့ ပို့စ် တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“ကျွန်မ သိလိုက်ပါပြီ .. အိပ်မက်တွေကလည်း မကောင်းဘူး ..

ကျွန်မတို့ရဲ့ ပါမောက္ခချုပ် Dr. အောင်ခင်မြင့် ဆုံးသွားပါပြီ။ ကယားအဖွဲ့က ရက်ရက်စက်စက် သတ်လိုက်တာပါ။ (Online မှာ ပျံ့နေတဲ့ ပုံတွေပါ)

ဆရာရဲ့ မိသားစုတွေထိ ရောက်အောင်သွားပြီး ကောင်းမှုလုပ်ပေးပါ့မယ်။”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက ကရင်နီဒေသမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစုတွေက “၁၁၁၁”စစ်ဆင်ရေးအဖြစ်  ပြည်နယ်မြို့တော် လွိုင်ကော် ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းနေပါတယ်။ ဒီလိုကြိုးပမ်းရာမှာ မြို့ထဲက အချို့သောနေရာတွေနဲ့  စစ်ကောင်စီ တပ် အထိုင်ချထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို ထိုးစစ်ဆင်ခဲ့တာလည်းပါဝင်ပါတယ်။ လွိုင်ကော် တက္ကသိုလ် ထဲက ကယ်ထုတ်ခဲ့တဲ့ ဆရာ၊ဆရာမ ၁၃၄ ဘေးကင်းတဲ့နေရာမှာ ရှိနေပြီလို့ ကရင်နီအမျိုးသားများကာကွယ်‌ရေး တပ်(KNDF)က အတည်ပြုကြောင်း နိုဝင်ဘာ ၁၈ ရက် ဧရာဝတီသတင်းမှာဖော်ပြပါတယ်။

လွိုင်ကော်တက္ကသိုလ်အတွင်းတိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမတွေကို ဘေးကင်းစွာ ကယ်ထုတ်လာနိုင်တဲ့အပြင် ပါမောက္ခချုပ်ကိုလည်း ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း KNDF ဥက္ကဌ ခွန်းဘီထူးက အတည်ပြုပြောကြားကြောင်းလည်း ဖက်ဒရယ် FM က နိုဝင်ဘာ ၁၅ ရက်မှာ ကြေညာပါတယ်။

https://www.facebook.com/federalfmradio/posts/669208988659409

သုံးသပ်ချက်

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ကို ကရင်နီလွတ်မြောက်ရေး တပ်တွေက သတ်ဖြတ်လိုက်တယ်ဆိုတာ သတင်းမှားတခုသာဖြစ်ပါတယ်။ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဆရာ၊ဆရာမ ၁၃၄ ဦး ဘေးကင်းလုံခြုံတယ်လို့ KNDF က အတည်ပြုထားပါတယ်။

Avatar

Title:Fact Check: လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ကို ကရင်နီလွတ်မြောက်ရေး တပ်တွေက သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းမှား

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *