Fact Check: NUG ကိုတရားဝင်အစိုးရအဖြစ်ကုလသမဂ္ဂထုတ်ပြန်ကြေညာတဲ့ သတင်းတု

False နိုင်ငံ‌ရေး

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို တရားဝင်အစိုးရအဖြစ်ကုလသမဂ္ဂထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ  ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဒီဇင်ဘာ ၅ ရက်က ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

 “နိုင်ငံတကာအသိမှတ်ပြုခံရပြီဟေ့ NUGကိုတရားဝင်အစိုးရအဖြစ် ဒီနေ့ပဲ ကုလမှ အတည်ပြု ထုတ်ပြန် ကြေညာပြီ”စသည်ဖြင့်ရေးသားထားပါတယ်။ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Yotube link | Archive link

ဒီဇင်ဘာ ၆ ရက်မှာတော့ ဒီယူကျူ့ချန်နယ်ကပဲ အလားတူတဲ့ရေးသားမျှဝေတခုထပ်မံမျှဝေခဲ့ပါတယ်။ ဒီအခါမှာတော့  NUG ကို ကမ္ဘာကအသိအမှတ်ပြုသင့်ပြီလို့ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်က ထုတ်ပြောတယ်လို့ ဆိုထားပါတယ်။  ဒီနေရာမှာကြည့်ပါ။ ဒီဗွီဒီယိုဟာလည်း ကြည့်ရှူ့မှုပေါင်း ၁ သိန်း ၂ သောင်းကျော်ရှိပါတယ်။

အချက်အလက်စိစစ်ချက်

အခု ဗွီဒီယိုကို ဖြန့်ချိထားတဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းဖော်ပြချက်တွေ သို့မဟုတ်  လူမှုကွန်ယက်မှာ ရေးသားမျှဝေမှုတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ် လွဲတပ်ပြီး ပြန်လည်ဖြန့်ချိတာတွေ့ရပါတယ်။

ဒီသတင်းမျိုးကို လက်ရှိအချိန်အထိ သတင်းမီဒီယာတွေက ဖော်ပြချက်မတွေ့ရပါဘူး။ NUG ကို အစိုးရအဖြစ် တရားဝင်အတည်ပြုလိုက်ပြီလို့ဆိုထားတဲ့ ပြောဆိုချက်တွေဟာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတဲ့ ယူကျူ့ချန်နယ်တွေက မကြာခဏဖြန့်ချိလေ့ရှိပါတယ်။ ဒီဇင်ဘာ ၄ ရက်မှာပဲ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခု ဗွီဒီယိုထဲပါ ဖော်ပြချက်အချို့ကို အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားတဲ့ “မြန်မာ အား ဂျုံးဂျုံးကျ နိုင်ငံ ဖြစ်မသွားရေး NUG အား အသိအမှတ် ပြုရန် အရေးတကြီး လိုအပ်လာ”ဆိုတဲ့ အတွေးအမြင်ပို့စ်တခုကို ပြန်လည်မျှဝေနေခြင်း သာဖြစ်တယ်။ ဒီအတွေးအမြင်ထဲမှာလည်း မြန်မာနိုင်ငံ အစိတ်စိတ်အမွှာမွှာပြိုကွဲပြီး ကျရှုံးနိုင်ငံအဖြစ် ရောက်မသွားဖို့ ကမ္ဘာက NUG ကို အသိအမှတ်ပြုဖို့လိုလာတဲ့ အကြောင်းသာ ဖော်ပြထားပြီး ဒီလိုအသိအမှတ်ပြုတဲ့အကြောင်းမပါဝင်ပါဘူး။

သုံးသပ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ချိ နေတဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် ဖေ့စ်ဘွတ်ပို့စ် သို့မဟုတ် မီဒီယာအချို့မှာ ‌ဖော်ပြခဲ့ပြီး ရေပန်းစားခဲ့တဲ့ အကြောင်းအရာတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု ဖြန့်ချိထားခြင်းဖြစ်တယ်။ NUG ကို ကုလသမဂ္ဂက အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ပြီဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: NUG ကိုတရားဝင်အစိုးရအဖြစ်ကုလသမဂ္ဂထုတ်ပြန်ကြေညာတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *