Fact Check: အမေရိကန်ဆီက စစ်ရေးအကူအညီရကြောင်း NUG ပြောတဲ့ သတင်းမှား

Misleading နိုင်ငံရေး၊

အမေရိကန်ဆီက စစ်ရေးအကူအညီတွေရရှိပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်း စဉ်တုနဲ့ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့နဲ့ စာသားကို အောက်မှာကြည့်ပါ။ 

“အမေရိကန်က‌ပေးတဲ့ စစ်‌ရေး အကူအညီ ‌ရောက်ပြမို့ ပြင်ဦးလွင်၊ မန္တလေးနှင့်နေပြည်တော်ကို သိမ်းတော့မယ်ဟု NUG သမ္မတ ကြေငြာမှုကြီး”

မူရင်းလင်ခ့် – Youtube link | Archive link

ဇန်နဝါရီ ၁၃ ရက်က ဒီချန်နယ်မှာပဲ နောက်ထပ် အလားတူဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုမှာတော့ “US ပေးတဲ့ တိုက်လေယဉ်တွေ ရှေ့တန်းကို ပို့တော့မည်ဟု Dr.sasa ကမ္ဘာသိကြေငြာ”စသည်ဖြင့်လည်းဖော်ပြထားတယ်။ ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းတုတွေ ဖြန့်ချိနေခြင်းဖြစ်တယ်။  တကယ်တမ်း ဗွီဒီယိုပါ အကြောင်း အရာဟာ DVB TV News ကဖော်ပြခဲ့တဲ့ “ပြင်ဦးလွင်၊ မန္တလေးနှင့် နေပြည်တော်ကို ထိုးစစ်ဆင်ရန် ဗျူဟာတကျ ပြင်ဆင်ထားဟု NUG ပြော”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ဒီသတင်းထဲမှာ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့တဲ့တာဖြစ်ပြီး တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်တန့်သွားခဲ့ပေမဲ့ အခြားဒေသတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို နေပြည်တော်ကို ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်ထားဆဲဖြစ်တဲ့ အကြောင်းဖော်ပြခဲ့ တာသာဖြစ်တယ်။ အမေရိကန်ဆီက လက်နက်အကူအညီရတဲ့အကြောင်း တစုံတရာမပါဝင်ပါဘူး။ သတင်း အပြည့်အစုံကို အောက်မှာ ကြည့်ပါ။ 

မူရင်းလင်ခ့် – DVB | Archive link

နောက်ထပ် အမေရိကန်ဆီက လေယာဉ်တွေရလို့ ရှေ့တန်းပို့မယ်လို့ ဒေါက်တာဆာဆာပြောသယောင်ဖော်ပြ ထားတဲ့ ဗွီဒီယိုမှာတော့ ဒေါက်တာဆာဆာပြောကြားခြင်းမရှိဘဲ ဒေါက်တာဆာဆာက အလိုပြောသယောင် လုပ်ကြံရေးသားထားခြင်းသာဖြစ်တယ်။ ဒေါက်တာဆာဆာအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာကို ဒီလင်ခ့်မှာ ကြည့်ပါ။ မီဒီယာတခုခုကို ဒေါက်တာဆာဆာက ဖြေကြားခဲ့တာမျိုးလည်းမရှိပါဘူး။

သုံးသပ်ချက်

အမေရိကန်ဆီက စစ်ရေးအကူအညီတွေရတယ်လို့ NUG နဲ့ တာဝန်ရှိသူတွေက ကြေညာသယောင်   သတင်းခေါင်းစဉ်တုတပ်ပြီး လုပ်ကြံဖော်ပြချက်သာဖြစ်တယ်။  အမေရိကန်ဆီက လက်နက်နဲ့ လေယာဉ်အကူအညီတွေရတယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: အမေရိကန်ဆီက စစ်ရေးအကူအညီရကြောင်း NUG ပြောတဲ့ သတင်းမှား

Written By: နေရာမောင်  

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *