
၂၀၂၀ မှာ NLD အမတ် ၆၈ ရာခိုင်နှုန်း အစ္စလာမ်ဘာသာဝင်ဖြစ်ဖို့ မူဝါဒချထားတယ်ဆိုတဲ့ စာသားဓာတ်ပုံတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။
Radia Free Myanmar ဆိုတဲ့အမှတ်တံဆိပ်နဲ့ မီဒီယာတစ်ခုက သတင်းရေးသားထားဟန်ရှိတဲ့ သတင်း screenshot ဒီစာသားဓာတ်ပုံမှာ ပါတီထိပ်တန်းတာဝန်ရှိသူတွေက ပြောတယ်ဆိုပြီးတော့ ရေးသားထားပြီး ၂၀၁၉ ခုနှစ်ကတည်းက ဒီမူဝါဒချမှတ်ထားပြီးဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒီ screehshot ကို “မုန်တိုင်း”၊ “Ngwe Soe”စတဲ့အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဇွန်၉ ရက်မှာ ဖော်ပြခဲ့တဲ့ မစ္ဈိမသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရေးမူဝါဒအကြောင်းကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အောက်ပါအတိုင်းပြောကြားခဲ့တာတွေ့ရပါတယ်။
“တစ်ကပါလဲဆိုတော့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး မူဝါဒသဘောတရား၊ ရည်ရွယ်ချက် လုပ်ငန်းစဉ်များကို လိုက်နာ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်များ။ ကျွန်တော်တို့ချမှတ်ထားတဲ့ လုပ်ငန်း မူဝါဒသဘောတရားတွေကို ဆောင်ရွက်ပြီး အကောင်အထည်ဖော်ပေးခဲ့တဲ့သူများ ဒါမှမဟုတ်လို့ရှိရင်လည်း ဖော်ပေးမယ့်သူများပေါ့။ ဒီဟာတွေ စည်းကမ်း လိုက်နာမယ်သူဆိုတာဖြစ်ရမယ်။ နောက် ဒီမိုကရေစီအရေးအတွက် တက်ကြွလှုပ်ရှားသူ အားပေးထောက်ခံသူ ပံ့ပိုးကူညီသူ အဲလိုဖြစ်ရမယ်။ ဒီမိုကရေစီအရေးကို ဘာမှမလုပ်ခဲ့ဘဲနဲ့ ၂၀၂၀ နီးတော့မှ ၂၀၁၈၊ ၂၀၁၉ လောက်ကြမှ နိုင်ငံရေးလုပ်ချင်လို့ဆိုပြီးတော့ ပါတီထဲဝင်လာပြီး လျှောက်တယ်ဆိုရင်တော့ သူအမှတ်အများကြီးလျော့မှာပဲ။ သူ့မှာ အခုပြောတဲ့ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားခဲ့တဲ့သမိုင်းရှိလားဆိုတော့ ပြန်ကြည့်မှာပေါ့။ နောက်တစ်ချက် ဒေသ၊ နိုင်ငံတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဒေသခံ ပြည်သူတို့ ယုံကြည်အားကိုးပြီး လက်ခံနိုင်သူများ။ အရေးကြီးတယ်နော် ဒီအချက် ကိုယ့်နိုင်ငံအကျိုးကို လုပ်နိုင်တယ် ကိုယ့်ဒေသအကျိုးကို လုပ်နိုင်တယ်ဆိုပြီး ဒေသက ယုံကြည်လက်ခံလာတဲ့သူများ၊ အဲဒီထဲမှာ ဘယ်သူတွေပါသွားနိုင်လဲဆိုရင် တတ်သိပညာရှင်တွေပါသွားနိုင်တယ်။ NLD တော့မဝင်ရသေးဘူး၊ ဒီပုဂ္ဂိုလ်က တော်တယ်။ တတ်သိပညာ ရှင်ဖြစ်တယ်။ နိုင်ငံထူတောင်ရေးအတွက် သူတို့လိုလူတွေပါနိုင်တယ်ဆိုရင် ဒါက တတ်သိပညာရှင် ဒီလိုလူတွေက NLD ကပဲပြိုင်ချင်တယ်လို့ စိတ်ဝင်စားလို့ရှိရင် NLD ရဲ့နာမည်နဲ့ဝင်ချင်တယ်ဆိုရင်တော့ ပါတီတော့ ဝင်ရမှာပေါ့။ ဆိုတော့ ဒီဟာလေးတွေက ဘာလဲဆိုတော့ အဓိပ္ပာယ်ဖွင့်ရင်ဖွင့်သလို ကျယ်ပြန့်သွားနိုင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကိုက ဒီရည်ရွယ်ချက်နဲ့ဖွဲ့ထားတာ၊ တည့်တည့်မတ်မတ်မရေးဘူး။ နောက်တစ်ချက်က နိုင်ငံရေး အုပ်ချုပ်ရေး၊ ဉပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေးတွင် အတွေ့အကြုံရှိသူများ။ ဒီ field ပေါ့၊ အမှန်တော့ လူမှုစီးပွားဘဝအတွေ့အကြုံရှိတဲ့သူတွေပါရမယ်။ နောက်တစ်ခုက အဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်သူ၊ ဒါကတော့ ကျွန်တော်တို့ ကန့်သတ်ထားတဲ့ဟာ အဖွဲ့ချုပ်နာမည်နဲ့ ပြိုင်ချင်တယ်ဆိုရင် အဖွဲ့ချုပ်ပါတီဝင်ဖြစ်ရ မယ်။ နောက်တစ်ခုကတော့ တိုင်းရင်းသား၊ လူငယ်၊အမျိုးသမီး အစဉ်လိုက်ဉီးစားပေးမယ်။ ကျွန်တော်တို့ထဲမှာ ခုနပြောတဲ့ ကန့်သတ်ချက်တွေမပါဘူး။ မသန်စွမ်းသူမဖြစ်ရတို့ဆိုတာလည်းမပါဘူး၊ လိင်တူချစ်သူမဖြစ်ရဆို တာတွေလည်းမပါဘူး။ဆိုလိုချင်တာက ကျွန်တော်တို့မှာ ဒီအချက် ၇ ချက်ရှိတယ်”လို့ ပြောကြားခဲ့တာတွေ့ရပါတယ်။
အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Radio Free Myanmar အမည်နဲ့သတင်းဖော်ပြချက်မှာတဲ့ အစ္စာလမ် ဘာသာဝင် ၆၈ ရာခိုင်နှုန်းဖြစ်ဖို့ မူဝါဒချထားတယ်ဆိုတဲ့ အဓိကကျတဲ့ အသုံးနှုန်းဖြစ်တဲ့ စကားလုံးတွေအသုံးပြုရှာဖွေရှာမှာ Google မှာ ဒီသတင်းဖော်ပြချက်မျိုး အခြားသောအဓိကကျတဲ့သတင်းဌာကြီးတွေမှာ ဖော်ပြချက်မတွေ့ရှိရသလို Radio Free Myanmar ဆိုတဲ့ ဝက်ဘ်ဆိုဒ်ကို မတွေ့ရှိရသလို မြန်မာနိုင်ငံမှာအသုံးများတဲ့ဖေ့စ်ဘွတ်စာမျက်နှာလိုမျိုး စာမျက်နတစ်ခုတစ်လေမှ မတွေ့ရှိရပါဘူး။
ဒီလိုရေးသားဖော်ပြချက်မှာ ဖော်ပြထားသလို အစ္စာလမ်ဘာသာဝင် ၆၈ ရာခိုင်နှုန်းဖြစ်ဖို့ မူဝါဒချထားတယ်ဆိုတာ ဟုတ်မဟုတ် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD)ပါတီ အလုပ်အမှုဆောင်နဲ့ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို Fact Crescendo Myanmar ကို ဆက်သွယ်မေးမြန်းရာမှာ အောက်ပါ အတိုင်းဖြေကြားခဲ့ပါတယ်။
“မဟုတ်ပါဘူးဗျာ၊ မဟုတ်ပါဘူးခင်ဗျ။အဲဒါသေချာပါတယ်။ကျွန်တော်သေချာပြောရဲပါတယ်။ မဟူတ်ပါဘူးခင်ဗျာ”လို့ မုံရွာအောင်ရှင်က ပြောကြားခဲ့တာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်မှာပါ အချက်အလက်အရ ၂၀၂၀ မှာ NLD အမတ် ၆၈ ရာခိုင်နှုန်း အစ္စလာမ်ဘာသာဝင်ဖြစ်ဖို့ မူဝါဒချထားတယ်ဆိုတဲ့ သတင်းဟာ သတင်းတုသတင်းမှားဖြစ်ပါတယ်။

Title:၂၀၂၀ မှာ NLD အမတ် ၆၈ ရာခိုင်နှုန်း အစ္စလာမ်ဘာသာဝင်ဖြစ်ဖို့ မူဝါဒချထားတယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False