Fact Check: စစ်သုံပန်း ၄၀၀၀ ဆေးကုသဆောင် လေယာဉ်နဲ့ ဗုံးကြဲခံရလို့ အစုလိုက် အပြုံလိုက် သေဆုံးတဲ့ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တု

Misleading နိုင်ငံရေး | Politics

စစ်သုံပန်း ၄၀၀၀ ကျော် ဆေးကုသဆောင် လေယာဉ်နဲ့ ဗုံးကြဲခံရလို့ စစ်သုံပန်းတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁၄၀၀၀ ကျော်ရရှိ ထားတယ်။

“စောက်ပု ယုတ်မာပြီဟေ့ စစ်သုံ့ပန်း(၄၀၀၀)‌ဆေးကုသဆောင် လေယာဉ်နဲ့ဗုံးကျဲချပြီ စစ်သုံပန်းများ အစုလိုက်အပြုံလိုက်သေကုန်ပြီဟေ့”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တမ်း ဗွီဒီယိုတွေပါသတင်းဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မင်းပြားမြို့ မင်းဖူးဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု စစ်တပ်၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေဟု စစ်သုံ့ပန်း ခလရ ၂၉၉  တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်လင်းထွန်း ဝေဖန်ပြောဆို”ဆိုတဲ့သတင်းနဲ့ အခြားသော သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီသတင်းဟာလည်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ခဲ့တဲ့ အကြောင်းအရာကို ပြန်လည်ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။ မူလထုတ်ပြန်ချက်မှာဖြစ်စေ မူလ ရန်ကုန် ခေတ်သစ်သတင်းဖော်ပြချက်မှာဖြစ်စေ လေကြောင်းတိုက်ခိုက်မှုကြောင့် ‌ဆေးရုံတရုံလုံး ပျက်စီးသွား တဲ့အကြောင်းဖော်ပြပေမဲ့ လူပေါင်း ၄၀၀၀ သေဆုံးခဲ့တယ်ဆိုတဲ့ ဖော်ပြချက်မတွေ့ရပါဘူ။ 

သုံးသပ်ချက်

 ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ မင်းပြားမြို့ မင်းဖူးဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှုကို AA ရဲ့ဖမ်းဆီးခြင်းခံထားရတဲ့ စစ်သုံ့ပန်းတွေက ဝေဖန်ပြစ်တင်လိုက်တဲ့ သတင်းကို လိုအပ်လို ခေါင်းစဉ်တုတပ်ထားတယ်။ ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခံရတာမှန်ပေမဲ့ လူပေါင်း ထောင်ချီသေဆုံးခဲ့တယ် ဆိုတဲ့ အထောက်အထားတော့မတွေ့ရပါဘူး။

ပြောဆိုချက်- စစ်သုံပန်း ၄၀၀၀ ဆေးကုသဆောင် လေယာဉ်နဲ့ ဗုံးကြဲခံရလို့ အစုလိုက် အပြုံလိုက် သေဆုံး

Avatar

Title:Fact Check: စစ်သုံပန်း ၄၀၀၀ ဆေးကုသဆောင် လေယာဉ်နဲ့ ဗုံးကြဲခံရလို့ အစုလိုက် အပြုံလိုက် သေဆုံးတဲ့ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *