
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပြစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာနေပါတယ်။
၂၀၂၀ မှာ NLD ကရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။
“၂၀၂၀ အတွက် NLDလွှတ်တော်ကိုယ်စားလှယ်တွေ မြင်ဖူးအောင်လို့ ပါ ဒီတစ်ခါ NLDကို မဲပေးရင် အိမ်မှာ ကိုးကွယ်နေကြတဲ့ ဘုရားစင် ပျောက်ပါပြီလို့ မှတ်လိုက်ကြပေတော့ ဗုဒ္ဓဘာသာ မြန်မာမှန်ရင် NLDပါတီကိုလုံးဝ (လုံးဝ) မဲမပေးကြပါနှင့်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အကောင့် ပိတ်ခံရမှာကို ကြောက်ပြီးမ Share သွားလည်းရပါတယ်၊၊NLD ကိုတော့ မဲမပေးပါနဲ့….”ဆိုပြီးတော့ အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “(ပအိုဝ်ႏတိုင်းရင်းသားများဆုံဆည်းရာ)”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။
ဒီလိုပဲစတဲ့ သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာမှာလည်း မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဇွန် ၂၄ ရက်မှာ RFA သတင်းဌာနက ဖော်ပြခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အစီအစဉ်တင်ဆက်ဆက်သူဉီးခင်မောင်စိုးက ဆက်သွယ်မေးမြန်းချက်မှာ NLD ဒုဉက္ကဌ(၂)လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ကိုယ်စားလှယ်လောင်းအဆိုပြုမှုအဆင့်ဆင့်အတွက် အချိန်ဇယားကို အောက်ပါ အတိုင်းပြောကြားခဲ့တာတွေ့ရပါတယ်။
“ပြည်နယ်နှင့်တိုင်းကရွေးလိုက်တဲ့ဟာတွေက ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ဗဟိုကိုပို့ရလိမ့်မယ်။ ဗဟိုရွေးချယ်ရေးအဖွဲ့ကရွေးပြီးမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြရမှာ။ဗဟိုအလုပ်အမှုဆောင်က အတည်ပြုပြီဆိုမှ NLD ရဲ့ Candidate ဖြစ်သွားမှာပေါ့ဗျာ”လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့တာတွေ့ရပါတယ်။
အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အသီးသီးက မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့အခြေအနေတွေကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာကို အောက်ပါ လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
NLD က ၂၀၂၀ မှာ အမတ် ၆၈ ရာခိုင်နှုန်းဟာ အစ္စာလမ် ဘာသာဝင်ဖြစ်ဖို့ မူဝါဒချထားတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ဖြန့်ဝေမှုတွေဟာ သတင်းတုဖြစ်ကြောင်း အချက်အလက်စိစစ်ထားတာအောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်မှာပါ အချက်အလက်အရ NLD အနေနဲ့ ၂၀၂၀ မှာဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မှုဆောင်ရွက်နေဆဲပဲ ဖြစ်တာတွေ့ရပါတယ်။ ဒါကြောင့် NLD ကဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းတွေအဖြစ် ““ခွန်ရက်ခမ်း ကဗျာသွီးယား ဝေင့်ဟိုပုံ့”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထားတဲ့ အချက်အ လက်ကို သတင်းတုသတင်းမှားအဖြစ်သတ်မှတ်ပါတယ်။

Title:၂၀၂၀ မှာ NLD ကဝင်ပြိုင်ဖို့ရွေးချယ်ထားတဲ့ အမတ်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား
Fact Check By: Nayar MaungResult: False