Fact Check: သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသား ကောက်နုတ် ချက်ဖြစ်ပါတယ်။ 

“ရန်ကုန်မှာ ချကုန်ပြီဟေ့ 

သာကေတမြို့မရဲစခန်း တိုက်ခိုက်ခံရ

စစ်ကောင်စီဗိုလ်မှူးကြီးဗုံးထိမှန်သေဆုံး(ပွဲကြမ်းပြီ)”

C:\Users\User\Downloads\Firefox_Screenshot_2024-06-06T11-18-29.397Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။

ဒီအပြင် အခုလို ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်စာသားမှာတော့ သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးသွားတယ်လို့ ဆိုထားပေမဲ့ ဗွီဒီယိုထဲမှာလည်း ဒီလို သာကေတရဲစခန်း တိုက်ခိုက်ခံရတဲ့အကြောင်းမပါဝင်ပါဘူး။ တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဇွန် ၄ ရက်မှာဖော်ပြခဲ့တဲ့ “သာကေတမြို့မ ရဲစခန်းရှေ့ရှိ ၂/တောင်ရပ်ကွက်မှ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဇော်လင်းက စစ်မှုထမ်း ဥပဒေဖြင့် ပြည်သူများထံမှ ငွေညှစ်နေပြီး လူငယ်များကို PDF စွပ်စွဲ၍ ဖမ်းဆီးခိုင်း”၊ “စစ်တွေ၊ ဗျိုင်းဖြူကျေးရွာတွင် စစ်တပ်နှင့်လက်အောက်ခံများက   ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော ပြည်သူ အရေအတွက် ၇၆ ဦးအထိ တိုးလာ”၊ “မင်းကင်း၊ မတောကျေးရွာကို စစ်ကောင်စီက  လေယာဉ်ဖြင့် ဗုံးကျဲမှု သေဆုံးသူပြည်သူ အရေအတွက် ၃၀ ဦးအထိတိုးလာ”စတဲ့သတင်းတွေနဲ့ တခြားသော သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

C:\Users\User\Downloads\screenshot-www.facebook.com-2024.06.06-18_11_45.png

သုံးသပ်ချက်

သာကေတမြို့မ ရဲစခန်းရှေ့က ၂/တောင်ရပ်ကွက်မှာ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဇော်လင်းက စစ်မှုထမ်း ဥပဒေအသုံးပြုပြီး ပြည်သူထံက ငွေညှစ်နေဆိုတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြချက်ကို သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးသွားတယ်လို့ လုပ်ကြံ သတင်းခေါင်းစဉ်တပ်ပြီး ပြန်လည်မျှနေခြင်းဖြစ်တယ်။ သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်စေ၊ ဒီလိုတိုက်ခိုက်မှုမှာ စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးသွားတယ်ဆိုတာဖြစ်စေ အထောက်အထား မရှိပါဘူး။

ပြောဆိုချက်- သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးသွား

Avatar

Title:Fact Check: သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးဆိုတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *