Fact Check: ရန်ကုန်တက္ကသိုလ်က အခမဲ့သင်တန်းတက်သူတွေကို လက်ပ်တော့ တလုံစီပေးသလား-မဟုတ်ပါ

လူမှုရေး

အွန်လိုင်းကနေ အခမဲ့သင်တန်းပေးနေပြီး သင်တန်းတက်သူတွေကို ရန်ကုန်တက္ကသိုလ်က လက်ပ်တော့ တလုံစီပေးနေတယ်လို့ဆိုပြီး ကြော်ငြာထားတဲ့ ပို့စ်တခု  ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတယ်။တကယ်တော့ သတင်းမှား တခုသာဖြစ်တယ်။ အွန်လိုင်းကနေ အခမဲ့ သတင်တန်း ရန်ကုန်တက္ကသိုလ်က ပို့ချခြင်းမရှိသလို လက်ပ်တော့ ပေးမယ်ဆိုတာလည်း မဟုတ်ပါဘူး။

အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ကြော်ငြာ တခုက ရယူထားခြင်းဖြစ်တယ်။

“အ‌ကြောင်းကြားပါ။

ဧပြီလ 22 ရက်၊ 2024 မှ

ရန်ကုန်တက္ကသိုလ်သည် အသက် ၁၈ နှစ်

မှ ၆၅ နှစ်ကြား အခမဲ့ အွန်လိုင်းသင်တန်း

များ ပို့ချပေးနေသည်။  သင်တန်းကာလ

အတွင်း လက်ပ်တော့တစ်လုံး ပေးပါမည်။ 

သင်တန်းပြီးဆုံးပါက ရန်ကုန်တက္ကသိုလ်မှ 

ဘွဲ့လက်မှတ်ရရှိမည်ဖြစ်ပါသည်။”

C:\Users\User\Downloads\screenshot-www.facebook.com-2024.06.10-15_52_58.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ရန်ကုန်တက္ကသိုလ်က အွန်လိုင်းကနေ အခမဲ့ သင်တန်းတွေ ပေးမယ်ဆိုတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေအပါအဝင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်း ဖော်ပြချက်မရှိပါဘူး။ 

ဒီအပြင် အခုလို ကြော်ငြာနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ ပြီးခဲ့တဲ့ ၁၀ ရက်ဝန်းကျင်က ဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်နဲ့ သက်ဆိုင်ခြင်းမရှိတာလည်းတွေ့ရပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရန်ကုန်တက္ကသိုလ်နာမည်သုံးပြီး online သင်တန်းတွေ ဖွင့်လှစ်လျက်ရှိတယ်လို့ မမှန်မကန်ရေးသား ကြော်ငြာနေကြောင်း၊ ရန်ကုန်တက္ကသိုလ်နဲ့ သက်ဆိုင်ခြင်းမရှိကြောင်းလည်း တက္ကသိုလ်ဘက်က ဖေဖော်ဝါရီလအတွင်းကတည်းက အသိ‌ပေး ထုတ်ပြန်ထားတယ်။  

မူရင်းလင်ခ့် – University of Yangon | Archive link

သုံးသပ်ချက်

အွန်လိုင်းကနေ အခမဲ့ သင်တန်းတွေ ပေးမယ်ဆိုတာ မဟုတ်ကြောင်း ရန်ကုန်တက္ကသိုလ်က ငြင်းဆိုထားတယ်။ ဒီလိုပဲ ကြော်ငြာထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ အွန်လိုင်းအသုံးပြူသူတွေရဲ့ အချက်အလက်ကို ရယူဖို့အတွက် မျှားခေါ်ထားတဲ့ စာမျက်နှာတခုဖြစ်တာလည်း တွေ့ရတယ်။

Avatar

Title:Fact Check: ရန်ကုန်တက္ကသိုလ်က အခမဲ့သင်တန်းတက်သူတွေကို လက်ပ်တော့ တလုံစီပေးသလား-မဟုတ်ပါ

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *