
အာဖရိကနဲ့ အနောက်အာရှမှာ ဖျက်အားဖြင့် ကန္တရကျိုင်းကောင်တွေကျမှု အန္တရယ်နဲ့ ရင်ဆိုင်နေရပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ကျိုင်းကောင်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပြီး အိန္ဒိယနဲ့ စပ်ဆက်လျက်ရှိတဲ့ မြန်မာနိုင်ငံဒေသ တွေကို အစိုးရက ကျိုင်းကောင်းအန္တရာယ်နှိုင်းဆော်ချက်ထုတ်ပြန်ထားပါတယ်။
ဒီလိုအခြေအနေမျိုးမှာ“မကွေးတိုင်း မကွေးမြို့နယ် ကျူချောင်းကျေးရွာ မှာ စတင်ကျရောက် လာပြီဖြစ်တဲ့ ကျိုင်းကောင်များ”ဆိုပြီးတော့ရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပြန်လည်မျှဝေသူတွေ များပြားနေပါတယ်။ “Win Thu”၊ “Zaw Thet Oo” စတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

extramm.com ဝက်ဆိုဘ်က ရေးသားထားတဲ့ သတင်းကို ခေါင်းစဉ်မှာ ကျိုင်းကောင်တွေရောက်နေပြီလို့ ပေးထားပေမဲ့ မကွေးတိုင်း၊ မကွေးမြို့နယ် ၊ ကျူချောင်းကျေးရွာ မှာ စတင်ကျရောက်လာပြီဖြစ်သည့် ဓါးခုတ်ကောင်( သို့ ) နှံမ ( Yellow Spotted Grass Hopper ) များ ကျူချောင်းကျးရွာမှာတွေ့ရယ်ဆိုပြီးတော့ ရေးသားထားပြီး အန္ဒိယမှာ ကျရောက်နေတဲ့ ကျိုင်းကောင်နဲ့ စပ်ဆက်မှုရှိမရှိ မသိရသေးဘူးလို့လည်း ရေးသားထားပါတယ်။
အချက်အလက်စိစစ်ချက်
မကွေးမြို့နယ်မှာတွေ့ရတဲ့ ကျိုင်းကောင် (နှံကောင်) တွေနဲ့ပတ်သက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဉီးစီးမှူး ဦးခိုင်မင်းက ဒီပိုးတွေဟာ နိုင်ငံတကာမှာ တပ်လှန့် ထားတဲ့ ကန္တရကျိုင်းကောင်(Desert Locust) မဟုတ်ဘူးလို့ပြောကြားထားပြီး တောင်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ဖျက်စီးလေ့ရှိမရှိဘူးလို့လည်း ပြောကြားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၃ ခုကို ကန္တာရကျိုင်း ကောင်များ ဖြတ်သန်းဝင်ရောက်နိုင်တဲ့ နေရာအဖြစ် ဇူလိုင် ၃ ရက်နေ့က နိုးဆော်သတိပေးထားတာ တွေ့ရပါတယ်။ ကန္တာရကျိုင်းကောင် အကောင်ကြီးများ ၏ အ ရွယ် အစားသည် အထီး (၄ – ၅) စင်တီမီတာ၊ အမ (၅ – ၆) စင်တီမီတာ ရှည်လျားပြီး အဝါရင့်ရောင် (သို့မဟုတ်) ပန်းရောင်ရှိ ကြောင်းနှင့် အ တောင်ပေါ်တွင် အညိုရင့် ရောင် အပြောက်များ တွေ့ရှိရတယ်ဆိုပြီးတော့ ကျိုင်းကောင်အန္တရာယ်စောင့်ကြည့်နိုင်ရေး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဖျက်အားပြင်း ကန္တာရ ကျိုင်း ကောင် (နှံကောင်)များဖြတ်သန်း ဝင်ရောက်နိုင်တဲ့ အန္တရာယ်ရှိ ဖြတ်သန်းဝင် ရောက်နိုင်တဲ့နေရာတွေကတော့ စစ်ကိုင်းတိုင်း ဒေသကြီးမှာ လေရှီး၊ဟုမ္မလင်း၊တမူး၊ ကချင် ပြည်နယ်မှာ ပူတာအို၊ မချမ်းဘော ဒေသ၊ ရခိုင်ပြည်နယ်မှာ ဘူးသီးတောင်၊မောင်တော၊ ရသေ့တောင်၊ စစ်တွေ ကျောက်ဖြူ၊ ချင်းပြည်နယ်မှာ တွန်းဇံ၊ထန်တလန်၊ပလက်၀ အစရှိတဲ့နေရာတွေဖြစ်ပါတယ်။
အလားတူ ကန္တရကျိုင်းကောင်တွေ ပျံ့နှံ့မှု နိုင်ငံတကာအဆင့် သတိပေးချက်တွေ ထုတ်ပြန်ပေးနေတဲ့ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ရဲ့ ကန္တရကျိုင်းကောင်စောင့်ကြည့်မှု အစီရင်ခံစာမှာ အခြေအနေကိုအောက်ပါ လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ကျိုင်းကောင်(Locust)တိုင်းဟာ ဓါးခုတ်ကောင်းမျိုးနွယ်ဝင်ဖြစ်ပေမဲ့ ဓါးခုတ်ကောင်တိုင်းကတော့ ကျိုင်းကောင် မဟုတ်တာတွေ့ရပါတယ်။ ဓါးခုတ်ကောင်နဲ့ ကျိုင်းကောင်ရဲ့ အပြုအမှုအားဖြင့် သိသာတဲ့ ခြားနားချက်ကတော့ ကျိုင်းကောင်ဟာ အတွက်များများ အုပ်စုကြီးကြီးမားမားနဲ့ ပျံ့သန်းရွေ့လျားမှုပဲဖြစ်တယ်ပါတယ်။သူတို့ရဲ့ အပြုအမှုခြားနားချက်ကို အောက်ပါလင့်ခ်မှာ ယူကျူ့ဗွီဒီယိုလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ မကွေးမှာ ရောက်နေတဲ့ ကျိုင်းကောင်တွေဟာ ဒေသတွင်း မှာရှိနှင့်ပြီးဖြစ်တဲ့ ဓါးခုတ်ကောင်( သို့ ) နှံမ Yellow Spotted Grass Hopper များဖြစ်တာတွေ့ရပြီး နိုင်ငံတကာအဆင့် တပ်လှန့်ထားတဲ့ကျိုင်းကောင်အမျိုးအစားမဟုတ်တာတွေ့ရပါတယ်။

Title:မကွေးမှာတွေ့ရတဲ့ ကျိုင်းကောင်က ကန္တာရကျိုင်းကောင်မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading