မင်းဝန်တောင်ဘုန်းကြီး ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာဆိုတဲ့ သတင်းမှား

False လူမှုရေး

ဘုန်းကြီးတစ်ပါးဒေါက်ဖိနပ်စီးနေတဲ့ပုံကို မင်းဝန်တောင်ဘုန်းကြီး ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာဆိုပြီး သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

“U Naing Win”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၃ နာရီအတွင်း လူမှု ကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။

LinkArchive link

မင်းဝန်တောင် စိန္တာမုနိကျောင်းက ကျမ်းဂန်တွေနဲ့ မညီတဲ့  ရုပ်တုတွေဖယ်ရှားခဲ့တဲ့သတင်းတွေနဲ့အတူ အခုလို အချိန်ကိုက် မျှဝေလာတာဖြစ်ပါတယ်။ 

ပို့အောက်မှာ မှတ်ချက်ရေးသားသူတစ်ချို့က ထိုင်းနိုင်ငံ ဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ 

၂၀၁၉ ခုနှစ် ဇူလိုင်မှာ  ထိုင်းဘာသာနဲ့ရေးသားထားတဲ့သတင်းအများအပြားမှာ  ဒီပုံကို တွေ့ရပါတယ်။ Google Translate  ကို အသုံးပြုပြီး ထိုင်းဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုကြည့်ရာမှာ ဘုန်းကြီးတစ်ပါးရဲ့ မလျော်ကန်တဲ့ အပြုအမှုအဖြစ် လူမှုကွန်ယက်မှာ ဝေဖန်ခံနေရတယ်ဆိုပြီးတော့ ထိုင်းအခြေစိုက် ဝက်ဘ်ဆိုဒ်တွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။ အချို့ဝက်ဘ်ဆိုဒ်တွေမှာတော့ ဘုန်းကြီးက အမျိုးသမီးရဲ့ ဖိနပ်ကို ရွှေ့ပေးနေတာဖြစ်နိုင်တယ်လို့လည်း အဲဒီအချိန်တုန်းက ရေးသားကြပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkLink

အဝါရောင်သင်္ကန်းဟာ ထိုင်းနိုင်ငံက ဘုန်းတော်ကြီးတွေ ဝတ်လေ့ရှိတဲ့အရောင်ပဲဖြစ်ပြီး မြန်မာနိုင်ငံက ဘုန်းတော်ကြီးတွေ ဝတ်ဆင်လေ့မရှိတာလည်းတွေ့ရပါတယ်။

စိန္တာမုနိကျောင်းမှာရှိတဲ့ ကြည်ညိုဖွယ်မရှိသည့် ရုပ်တုတွေ ဖယ်ရှားရှင်းလင်းခြင်းနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာနက ဇူလိုင် ၇ ရက်နဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။ 

Link

သုံးသပ်ချက်

အထက်မှာပါ အချက်အလက်အရ “U Naing Win”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ မင်းဝန်တောင် ဘုန်းကြီး ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာဆိုတဲ့ အချက်အလက်ကို အချက်အလက်မှားအဖြစ် သတ်မှတ် ပါတယ်။

Avatar

Title:မင်းဝန်တောင်ဘုန်းကြီး ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *