
စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးစခန်းကို PDF တွေက သိမ်းပိုက်လိုက်ပြီး အရှင်ဖမ်းမိတဲ့ ပေါက်ကိုယ်တော်ကို လည်လှီးသတ်လိုက်တယ် လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။
ဇန်နဝါရီ ၂၆ ရက်မှာ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။
“ပေါက်ကိုယ်တော်ရဲ့ ပျူစခန်း PDF တွေ ဝင်သိမ်း
အရှင်ဖမ်းမိတဲ့ ပေါက်ဂတုံး လည်လှီးသတ်ခံရ
ကျန်ဘောမတွေကြည့်ထား မင်းတို့အလှည့်လာမယ်”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။
အခုလည်း ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးစခန်းကို ဝင်စီးပြီး ပေါက်ကိုယ်တော်ကို လည်လှီးသတ်လိုက်တယ်လို့ ပြေဆိုထားတဲ့ ဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြနေတာက လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “KIA၏ လက်နက်ကြီးထိမှန်၍ ဗန်းမော်ရှိ စစ်ကောင်စီအမြောက်တပ် လက်နက်ခဲယမ်းသိုလှောင်ရုံ မီးလောင်ပေါက်ကွဲ”၊“တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေ တယ်လီဖုန်းခေါ်ဆို ဆွေးနွေးခဲ့”နဲ့ စစ်ဘေးရှောင်တွေများလာတာကြောင့် ပုသိမ်မှာ အိမ်ငှားခမြင့်တက်လာပြီး စစ်ဘေးရှောင်တွေ အခက်တွေ့နေတဲ့အကြောင်းစတာတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။
သုံးသပ်ချက်
“MCM”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိပါတယ်။ ပေါက်ကိုယ်တော်ကို PDF တွေက ခေါင်းဖြတ်သတ်ဖြတ် တယ်ဆိုတာ မဟုတ်ပါဘူး။
ပြောဆိုချက်- စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ကို PDF တွေက လည်လှီးသတ်

Title:Fact Check: စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ကို PDF တွေက လည်လှီးသတ်ဆို တဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False