
မန္တလေး PDF က ယခုနှစ် သင်္ကြန်တွင်းမှာ မြို့ထဲဝင်လာတဲ့ ဓာတ်ပုံတွေအဖြစ် ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး သင်္ကြန်လည်ပတ်ရာမှာ အသုံးပြုလေ့ရှိတဲ့ မာဇဒါဂျစ်ကားပေါ်က သေနတ်လို့ ယူဆရတဲ့ အရာတွေလွယ်ထားတဲ့ လူရွယ်တွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ အောက်ပါအတိုင်းရေးသားဖြန့်ဝေထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ် သင်္ကြန်ရေကစားတဲ့ ဖက်ရှင်ပုံတခုသာဖြစ်တယ်။
“မန္တလေး လပခ လုံခြုံရေးအားနည်းချက်ကတော့
MDY PDF က သက်ြန်တွင်းကြီး မြို့ထဲဝင်လာတာ မသိလိုက်ဘူးတဲ့လား။
ဟုတ်ဟုတ် မဟုတ်ဟုတ် လက်နက်အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် လခရ အားနည်းလို့ သူများကဲ့ရဲ့စရာဖြစ်နေတာ။
လပခ တိုင်းမှူး မလှုပ် မရှုပ် မပြုတ် လုပ်နေတာလား။
#အောင်စစ်သည်စစ်သတင်းနှင့်ဗဟုသုတ”
အချက်အလက်စိစစ်ချက်
ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေကို ၂၀၁၆ ခုနှစ် သင်္ကြန်ကာလအတွင်းကတည်းက တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်တချို့ဟာ ၂၀၂၁ ခုနှစ် မေလအတွင်းမှာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အမည်နဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။
၂၀၁၆ ခုနှစ် ဧပြီ ၁၂ ရက်စွဲနဲ့ “သင်္ကြန်အမှတ်တရများ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ “ရေပက်ခံထွက်မည့်ကားများ မဟာမြတ်မုနိဘုရားကြီးနှင့် မန္တလေးတောင်ခြေရှိ
ဘိုးဘိုးကြီးနတ်နန်းတို့တွင် သင်္ကြန်ကာလအတွင်း
အန္တရယ်ကင်းရှင်းစွာရေပက်ကစားနိုင်ရန် လာရောက်
ဦးခိုက်ကြစဉ်။”လို့ ရေးသားပြီး တူညီတဲ့ ဓာတ်ပုံတွေကို မျှဝေထားတာတွေ့ရပါတယ်။
မူလပို့စ်စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။
သုံးသပ်ချက်
ဓာတ်ပုံတွေကို ၂၀၁၆ ခုနှစ် သင်္ကြန်ကာလအတွင်းကတည်း အွန်လိုင်းမှာ တွေ့ရပါတယ်။ PDF တွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးမှ ပေါ်ပေါက်လာတာဖြစ်ပြီး မန္တလေး PDF က ယခုနှစ် သင်္ကြန်တွင်းမှာ မြို့ထဲဝင်လာတဲ့ ဓာတ်ပုံတွေရေးသားဖြန့်ဝေမှုဟာ မှားယွင်းပါတယ်။
ပြောဆိုချက်- မန္တလေး PDF က ယခုနှစ် သင်္ကြန်တွင်းမှာ မြို့ထဲဝင်လာတဲ့ ဓာတ်ပုံတွေ

Title:Fact Check: မန္တလေး PDF သင်္ကြန်တွင်းမှာ မြို့ထဲကို ဝင်လာတယ်ဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: Misleading