Fact Check: အီရန်လေပိုင်နက်က အစ္စရေးတိုက်လေယာဉ်လား- မဟုတ်ပါ

False နိုင်ငံတကာ၊ | International

အီရန်လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ အစ္စရေးရဲ့ တိုက်လေယာဉ်အကြား အပြန်အလှန်တိုက်ခိုက်မှုလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“အီရန်ပိုင်နက်ပေါ်မှာ အီးစ္စရေး တိုက်လေယာဉ်”

Original link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့ ဒီဗွီဒီယိုဟာ ဂိမ်းဆော့ဖ်ဝဲလ်တခုကို အသုံးပြုပြီး ဖန်တီးထားတာတွေ့ရပါတယ်။ ဒီလို ကောင်းကင်ထက်က တိုက်လေယာဉ်နဲ့ မြေပြင်လေကြောင်းရန် ကာကွယ်ရေးစနစ်အကြား အပြန်အလှန်တိုက်ခိုက်မှု ဗွီဒီယိုဟာ အိန္ဒိယ-ပါကစ္စတန်တင်းမာမှုမြင့်တက်ချိန်ကလည်း အိန္ဒိယလေယာဉ်ကို ပါကစ္စတန်က ပစ်ချမှုအဖြစ် ပျံ့နှံ့ခဲ့ဘူးပြီး ဖေ့စ်ဘွတ်ပေါ်က နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို အချက်အလက် စိစစ်တဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ AFP က အချက်အလက်စိစစ်ဖော်ပြခဲ့ဘူးပါတယ်။ 

အခုလည်း ဒီဗွီဒီယိုဟာ လက်ရှိ အစ္စရေး-အီရန်စစ်ပွဲမတိုင်ခင် ဇွန် ၉ ရက်ကတည်းက ‌ဖေ့စ်ဘွတ်အသုံးပြုသူ တဦးက မျှဝေထားတာကို တွေ့ရပါတယ်။ အစ္စရေးဟာ အီရန်ကို နျူးကလီးယားလက်နက်လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဇွန် ၁၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

သုံးသပ်ချက်

အီရန်လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ အစ္စရေးရဲ့ တိုက်လေယာဉ်အကြား အပြန်အလှန်တိုက်ခိုက်မှုလို့ ဆိုထားတဲ့ ဗွီဒီယိုဟာ ဂိမ်းဆော့ဖ်ဝဲလ်တခုကို အသုံးပြုပြီး ဖန်တီးထားခြင်းသာဖြစ်ပြီး အစ္စရေးက အီရန်ကို စတင်မတိုက်ခိုက်ခင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တယ်။

ပြောဆိုချက်- အီရန်လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ အစ္စရေးရဲ့ တိုက်လေယာဉ်အကြား အပြန်အလှန်တိုက်ခိုက်မှု ဗွီဒီယို

Avatar

Title:Fact Check: အီရန်လေပိုင်နက်က အစ္စရေးတိုက်လေယာဉ်လား- မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *