Fact Check: NUG နဲ့ဆွေးနွေးလိုကြောင်း စစ်တပ်ကြေညာတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အပါအဝင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ ဆွေးနွေးလိုတယ်လို့ စစ်ကောင်စီက ကြေညာတယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“NUGနဲ့ ဆွေးနွေးလိုကြောင်း ကြေညာ

CRPHအပါအဝင် NUGနဲ့အလွတ်သဘော တွေ့ဆုံလိုကြောင်း

တရားဝင်ကြေညာ၊ NUG ပယ်ချလိုက်ပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေ တပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာတွေ့နိုင်တယ်။ 

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ Myanmar Pressphoto Agency ကဖော်ပြခဲ့တဲ့ “NUG ၊ CRPH နှင့် NLD ခေါင်းဆောင်များ သတ္တိရှိပါက ပြည်တွင်းမှာ ပြန်နေရန် စစ်ကောင်စီ ထောက်ခံသူ ဒေါ်စန္ဒာမင်းစိန်ခေါ်” ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထား တာတွေ့ရတယ်။ 

၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်အကြောင်းအရာတွေကတော့ မြန်မာနောင်း သတင်းဌာနက ဖော်ပြခဲ့တဲ့ “လားရှိုးတွင် စစ်ကောင်စီတပ်အင်အား ထောင်ဂဏန်းနီးပါး ထပ်မံဖြည့်တင်း”၊ “ပေါက်မြို့နယ်ကို လေကြောင်းဗုံးကြဲ ၊ ပလဖ ဒုတာဝန်ခံ အပါအဝင် ၅ ဦး သေဆုံး”စတဲ့ သတင်းတွေကို ပြန်လည်‌ဖော်ပြထားတယ်။ 

သုံးသပ်ချက်

“Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်တု တပ်ပြီး ဗွီဒီယိုပုံစံနဲ့ ပြန်လည် ဖြန့်ချိတယ်။ CRPH နဲ့ NUG ကို ဆွေးနွေးဖို့ စစ်တပ်က ကမ်းလှမ်းတယ်တာ၊ စစ်တပ်ရဲ့ ကမ်းလှမ်းချက်ကို NUG က ပယ်ချတယ်ဆိုတာလည်း အထောက်အထားမရှိပါဘူး။

ပြောဆိုချက်- CRPH အပါအဝင် NUGနဲ့အလွတ်သဘော တွေ့ဆုံလိုကြောင်း စစ်တပ်တရားဝင် ဖိတ်ခေါ်

Avatar

Title:Fact Check: NUG နဲ့ဆွေးနွေးလိုကြောင်း စစ်တပ်ကြေညာတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *