USDP ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဉီးကို တိုက်ခိုက်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

စာရေးဆရာ အကြည်တော်ရဲ့ သူခိုးအမည်ရှိ လုံးချင်းဝတ္ထုအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေး ဆိုခွင့်ရှိသူဦးသိန်းထွန်းဉီးက ပြင်းပြင်းထန်ထန်ဝေဖန်ပြီး ပြည်ခိုင်ဖြိုးပါတီကို စောင်းမြောင်းရေး သားတဲ့အတွက် စာပေစိစစ်ရေးကို တိုင်ကြားမယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်သုံး စွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “မနေ့က ထွက်ရှိလာသည့် အကြည်တော်ရေးသားသည့် သူခိုးအမည်ရှိလုံးချင်းဝတ္ထုအပေါ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရ ဦးသိန်းထွန်းဦးမှ ပြင်းပြင်းထန်ထန်ဝေဖန် လိုက်ပါတယ်။ အကြောင်းအရာကို ဖတ်ကြည့်လိုက်ရင် သာမန် ရယ်စရာတွေ ရေးထားတဲ့ ဝတ္ထုလို့ထင်ရပေမယ့် စာရေးဆရာရဲ့ဆိုလိုရင်းက ကျွန်တော်တို့ပါတီ ကိုစောင်းမြောင်းရေးသားထားတာတွေဖြစ်နေတယ်။ သူရေးထားတာတွေမှာ ကျွန်တော်တို့ပါတီ အဖြစ်တွေနဲ့သေခြာတိုက်ကြည့်ရင် အမှန်တဝက် အမှားတဝက်တွေပါ။ စာဖတ်ပရိသတ်တွေ သူ့စာကိုဖတ်မိရင် စာဖတ်သူတွေစိတ်ထဲ ကျွန်တော်တို့ကို တကယ့်ငပေါသူခိုးတွေလို့ မြင်ကုန်အောင် စာပေအဆိပ်ခတ်ပြီး ပြည်သူလူထု ကိုမှိုင်းတိုက်နေတာလို့ ပြောလို့ရပါတယ် ။အဓိကအချက်က ရွှေးကောက်ပွဲ နီးလာမှ ဒီစာအုပ်ထွက်လာခြင်းဟာ နိူင်ငံရေးမှာ အကြီးစားလုပ်ကြံတာကိုပြည်ခိုင်ဖြိုးပါတီ ခံနေရပြီလို့ပြောချင်တာပါပဲ။ ကျွန်တော်တို့စာပေစိစစ်ရေးကိုလည်းအကြည်တော်ရေးသားတဲ့အဲ့ဒီစာအုပ်နဲ့ ပတ်သတ်ပြီးတိုင်ကြား သွားမှာဖြစ်ပါတယ်”လို့ ရေးသားထားပြီး “ရဲ ဇော်”၊ “Nay ThwayAung”စတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေထားပါတယ်။

Fb linkFb link
Archive linkArchive link

အချက်အလက်စိစစ်ချက်

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဉီးကို Fact Crescendo Myanmar က တယ်လီဖုန်းနဲ့ ဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောကြားပါတယ်။

“ကျွန်တော်က အဲဒါကို ဖတ်ကို မဖတ်ဘူး။ အကြည်တော်ရဲ့စာဘာညာဆိုတာကို ကျွန်တော် မဖတ်ခဲ့ဘူးဖူး။ မရှိခဲ့တဲ့အတွက် ဒီဟာရေးတာသည် ကျွန်တော် ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့် အခုပြောတဲ့ဟာကို သတင်းမှား သတင်းတုဆိုတာပဲ ပြောကြားလိုပါတယ်”လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

အခုလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ မနေ့က ထွက်ရှိလာသည့် အကြည်တော်ရေးသားသည့် သူခိုးအမည်ရှိ လုံးချင်း ဝတ္ထုအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေး ဆိုခွင့်ရှိသူဦးသိန်းထွန်းဉီးက ဝေဖန်တယ်လို့ ရေးသားထားပါတယ်။ သို့သော်လည်း အကြည်တော်ရဲ့ ဒီလုံးချင်းဝတ္ထုကို အွန်လိုင်းကနေမှာနိုင်ပြီဖြစ်ကြောင်း စာရေးဆရာအကြည်တော်ရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Akyidaw Production မှာ ဇူလိုင် ၂၃ ရက်က တည်းက တင်ထားတာတွေ့ရသလို ဝန်ဇင်းစာပေကနေ ဇူလိုင် ၂၉ ရက်မှာ ဖြန့်ချိမယ်လို့လည်း ရေးသားထား တာတွေ့ရပါတယ်။

အလားတူပဲ စာရေးဆရာအကြည်တော်ဟာ Akyidaw Production ဆိုတဲ့ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီဝတ္ထုကို စာအုပ်အဖြစ်ထုတ်ဝေခြင်းမပြုမီ မေ ၁၉ ရက်ကစပြီး အပိုင်းလိုက်တင်ပေးထားတာရှိပြီး ပါတီတစ်ခုခုကို ရည်ရွယ် တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဖွဲအနွဲ့မျိုးမတွေ့ရှိတာတွေ့ရပါတယ်။ အောင်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်မှာပါ အချက်အလက်တွေအရ စာရေးဆရာ အကြည်တော်ရဲ့ သူခိုးအမည်ရှိ လုံးချင်းဝတ္ထုအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေး ဆိုခွင့်ရှိသူဦးသိန်းထွန်းဉီးက ပြင်းပြင်းထန်ထန်ဝေဖန် ပြည်ခိုင်ဖြိုးပါတီကို စောင်းမြောင်းရေး သားတဲ့အတွက် စာပေစိစစ်ရေးကို တိုင်ကြားမယ်ဆိုတဲ့ပို့စ်ဟာ သတင်းတု သတင်းမှားသာဖြစ်ပါတယ်။

Avatar

Title:USDP ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဉီးကို တိုက်ခိုက်တဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *