Fact Check: ဝစီပိတ် ဆရာတော်ကို တော်လှန်ရေး အဖွဲ့တွေက ပစ်သတ်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

သမ္မတတဖြစ်လဲ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင် ကိုးကွယ်တဲ့  ဝစီပိတ် ဆရာတော်ကို တော်လှန်ရေး အဖွဲ့တွေက ပစ်သတ်ခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ 

ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စာသားကောက် နုတ်ချက်နဲ့ စခရင်‌ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ 

“ဝစီပိတ် ဆရာတော် ပစ်ခတ်ခံရ မင်းအောင်လှိုင် ကိုးကွယ်တဲ့ ဝစီပိတ်ဆရာတော် တော်လှန်ရေးတပ်ဖွဲ့ တွေက ပစ်သတ် ၊ ဝဋ်လည်ကုန်ပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တပ်ကာ ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း သတင်းခေါင်းစဉ်မှာ မင်းအောင်လှိုင် ကိုးကွယ်တဲ့ ဝစီပိတ်ဆရာတော် တော်လှန်ရေးတပ်ဖွဲ့ တွေက ပစ်သတ်လိုက်တယ်လို့ ဆိုထားပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြနေတဲ့အကြောင်းအရာဟာ  “စစ်ဗိုလ်ချုပ် တွေရဲ့ ဗေဒင်ယတြာနက္ခအခါတော်ပေး ဒေါက်တာဖေဉာဏ် ဘုန်းကြီးဝတ်နဲ့ အသတ်ခံရပြီးတဲ့နောက် မင်းအောင်လှိုင်က သူကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးအတွက် စစ်တပ်အင်အားအများအပြားနဲ့  လုံခြုံရေး တိုးမြှင့်ပေး”ဆိုတဲ့ သတင်း၊ ထိုင်း-မြန်မာနယ်စပ်က တော်လှန်ရေးအဖွဲ့များ စစ်ရေးဖိအားကြုံနိုင်တဲ့သတင်း၊ “ကရင်ပြည်နယ် လေးကေ့ကော် ရဲကုန်းတိုက်ပွဲသတင်း” စတာတွေကို ဖော်ပြထားတယ်။ 

ဇူလိုင် ၂ ရက်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်မှာစစ်ဗိုလ်ချုပ်တွေရဲ့ ဗေဒင် ယတြာနက္ခအခါတော်ပေး ဘုန်းကြီး  ဦးပညာဝံသ ခေါ် ဒေါက်တာဖေဉာဏ် အသက်ခံရပြီးနောက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်က  သူ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးအတွက် စစ်တပ်အင်အားအများအပြားနဲ့  လုံခြုံရေးတိုးမြှင့်ပေးထားတယ်လို့ စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကားပြီး မူလဖော်ပြချက်ဖြစ်တဲ့ ရန်ကုန်ခေတ်သစ် သတင်းမှာဖော်ပြပါတယ်။ ဝစီပိတ်ဆရာတော် လုပ်ကြံခံရတဲ့အကြောင်း မပါဝင်ပါဘူး။

သုံးသပ်ချက်

“Yangon Khit Thit”ယူကျူ့ချန်နယ်ဟာ  သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တယ်။အခုလည်း သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး မင်းအောင်လှိုင် ကိုးကွယ်တဲ့  ဝစီပိတ် ဆရာတော်ကို တော်လှန်ရေး အဖွဲ့တွေက ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိထားခြင်းဖြစ်တယ်။

Result Stamp

Title: Fact Check: ဝစီပိတ် ဆရာတော်ကို တော်လှန်ရေး အဖွဲ့တွေက ပစ်သတ်တဲ့ သတင်းတု

Written By: Zun Zee

Result: False