တောင်သာက ဂုဏ်ထူး ၅ ဘာသာနဲ့အောင်မြင်ခဲ့သူရဲ့ နာမည် အချက်အလက်မှားဖြန့်

False လူမှုရေး

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ြသဂုတ် ၉ ရက်မှာ ယခုနှစ် အွန်လိုင်းကနေ ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့ရာမှာ လူထုအကြားမှာ ဆယ်တန်းအောင်စာရင်းနဲ့ ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ တစ်နှစ်ဖြစ်ခဲ့သလို သတင်းမှားဖြန့်ဝေမှုတွေလည်းရှိခဲ့ပါတယ်။ 

Htet Lwin Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာ သူဟာ ဂုဏ်ထူး ၅ ဘာသာပဲပါတဲ့အတွက် မိဘတွေကို တောင်းပန်ကြောင်း အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို လူမှု ကွန်ယက်အသုံးပြုသူ ၁ သောင်း ၃ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပြီး မှတ်ချက်ပေးသူ ၁ သောင်း ၈  ကျော်လည်းရှိခဲ့ပါတယ်။

အမှန်တကယ်တော့ အောင်စာရင်းမှာ ခုံအမှတ် မသဘ ၂၀ နဲ့ ဝင်ရောက်ဖြေဆိုပြီး ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်မြင်ခဲ့သူဟာ မောင်ထက်လွင်အောင် မဟုတ်တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဌာန ဝက်ဘ်ဆိုဒ် ကနေ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်အောင်စာရင်းတွေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

Myanmarexam.org

အခုမျှဝေနေတဲ့ “မသဘ” ဟာ တောင်သာစာစစ်ဌာနရဲ့ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိသူတွေအတွက် ကုတ်နံပါတ်ဖြစ်ပြီး ခုံအမှတ် “မသဘ ၂၀” နဲ့အောင်စာရင်းမှာပါတဲ့ နာမည်ဟာ “မောင်ပြည့်ဖြိးသာ”ဖြစ်တာတွေ့ ရပါတယ်။ ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

“Htet Lwin Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားတဲ့ အောင်စာရင်းဓာတ်ပုံနဲ့ မြန်မာနိုင်ငံ စာစစ်ဌာနက ထုတ်ပြန်ထားတဲ့ ဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အောင်စာရင်းမှာ ခုံအမှတ် မသဘ ၂၀ ကနေဝင်ရောက်ဖြေဆိုပြီး ဂုဏ်ထူး ၅ ဘာသာနဲ့ဖြေဆိုအောင်မြင်သူ အမည်ဟာ  “မောင်ပြည့်ဖြိးသာ”ဖြစ်တာတွေ့ရပြီး “Htet Lwin Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားတဲ့ ပို့စ်ကို အချက်အလက်မှားအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:တောင်သာက ဂုဏ်ထူး ၅ ဘာသာနဲ့အောင်မြင်ခဲ့သူရဲ့ နာမည် အချက်အလက်မှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *