
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာမီးလင်းရေးနဲ့ပတ်သက်ပြီး ဒေသခံရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားတွေ အပြန်အလှန်စကားများရာကနေ ရွာသားတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်ရိုက်ကြတာကြောင့် ကိုယ်စားလှယ်တွေ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့ဘွတ်စာမျက်နှာမှာ ပြန်နှံ့ခဲ့ပါတယ်။
“အဲ့မှာဂွမ်းပြီပေါ့ မဲလိုချင်လို့ အနားနီးမှ အပေါ်ယံတွေနှမ်းဖြူးတော့”ဆိုတဲ့ ခေါင်းစဥ◌်နဲ့ “မီးလင်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးက အချွေအရန်တွေနဲ့လာတယ်လို့ဆိုပါတယ်၊ ပြည်သူတွေက ရွေးကောက်ပွဲနီးမှ ဘာမီးလင်းရေးလဲ၊ ကျန်တဲ့အချိန်တွေက ဘယ်ရောက်နေလဲ လို့မေးခွန်းတွေမေးရာကနေ ကိုယ်စား လှယ်တော်ကြီးရဲ့ ဒေသခံကိုယ်စာလှယ်နဲ့ စပြီးပြသနာတတ်တယ်လို့ဆိုပါတယ်၊ အဲ့ဒီမှာရွာသားတွေက ပိုက်ဆံပေးဖို့ဆိုမလာဘူး ၊ ပိုက်ဆံယူဖို့ဆိုလာတယ် ၊ ငါတို့မှာ ပြဲနေအောင်လုပ်ရတယ်ဆိုပြီး အနားရှိတဲ့ ထန်းတုန်းနဲ့ လိုက်ထုကြတာ ကိုယ်စားလှယ်တော်ကြီးရော ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်ပါ ပြေးပေါက်တွေ မှားကုန်တယ်လို့သိရပါတယ်”ဆိုပြီး “Nay Thway” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား အောက်ပါအတိုင်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖိုင်ကို သေချာကြည့်ရှုစစ်ဆေးရာမှာ ရွာသားတွေ အော်ဟစ်ပြောဆိုနေတဲ့ အသံများပါဝင်ပြီး ရဲဝန်ထမ်းတွေနဲ့ မြို့နယ်ထွေအုပ် ဝန်ထမ်းတွေသာတွေ့ရပြီး ပို့စ်တင်သူတွေရေးသားသလို လွှတ်တော် ကိုယ်စားလှယ်လို့ ယူဆရတဲ့ သူတွေကို မတွေ့ပါ။
အခုလို ပြောဆိုမျှဝေထားတဲ့အချက်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အမှတ်၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်းကို Fact Crescendo Myanmarက ဆက်သွယ်အတည်ပြုခဲ့ရာမှာ ဦးကျော်မင်းထွန်းကအောက်ပါအတိုင်းပြောပါတယ်။
“မီးလင်းရေးကိစ္စဆိုတာတော့ မှန်ပါတယ်၊ ကျွန်တော်တို့ ကိုယ်စားလှယ်တွေနဲ့ ဖြစ်တာမဟုတ်ပါဘူး၊ ဖြစ်တဲ့နေ့က ၁၈ ရက်နေ့က မနက်က ၉ နာရီကျော် ၁၀ နာရီ ဝန်းကျင်လောက်လို့တော့ ကြားတာပဲ၊ ကျွန်တော်တို့က အဲ့နေ့ အဲ့အချိန်က လွှတ်တော်တက်နေတာပါ၊ ပြန်လာမှ ကျွန်တော်တို့လည်း ကြားတာ၊ ကျွန်တော်တို့ ထွက်ပြေးရ တယ်ဆိုတော့ မဟုတ်ပါဘူး။အဲမှာက မီးလင်းပြီးသားအပိုင်နဲ့ မီးမရသေးတဲ့အပိုင်းရှိတယ်ဗျ၊ အခုဖြစ်တာက မီးမရသေးတဲ့အပိုင်းမှာဖြစ်တာ၊ မီးမရသေးတဲ့သူတွေက သူတို့အပိုင်းမးမရသေး အစကတည်းက ဒေါသဖြစ်နေ တာ၊ ဒါကို သွားပြီး စကားပြောတဲ့အခါမှာ မီးရပြီးသားအပိုင်းက လူတွေပါ ပါလာပြီး စကားပြောကြတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့”လို့ ဦးကျော်မင်းထွန်းက ပြောပါတယ်။
သုံးသပ်ချက်
အထက်ပါပြောဆိုချက်အရ ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာမီးလင်းရေးနဲ့ပတ်သက်ပြီး ဒေသခံရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားတွေ အပြန်အလှန်စကားများရာကနေ ရွာသားတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်ရိုက်ကြတာကြောင့် ကိုယ်စားလှယ်တွေ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့အချက်အလက်ဟာ မှားယွင်းနေတာတွေ့ရပါတယ်။

Title:ကျေးရွာမီးလင်းရေးနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားတွေ စကားများပြီး ကိုယ်စားလှယ်တွေ အရိုက်ခံရကာ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အမှား
Fact Check By: Lynn YuResult: False