NLD ထက်ကောင်းတဲ့အစိုးရမရှိဘူးလို့ ဓာတ်ပုံထဲက ရဲအရာရှိက ပြောခဲ့သလား-မဟုတ်ပါ

False နိုင်ငံရေး | Politics

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုံနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်ပါ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ သတင်းရဲတပ်ဖွဲ့မှ အရာရှိနှစ်ဦးကို နယ်‌ပြောင်းနဲ့ ရာထူးတိုးမြှင့်ခန့်ပယ်ဖျက်နဲ့ ရဲတပ်ဖွဲ့က မကြာသေးခင်က အရေးယူခဲ့ တာတွေ့ရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ရဲအရာရှိတစ်ဦးက ဓာတ်ပုံမှာ “NLD ထက်ကောင်းတဲ့အစိုးရမရှိဘူး။စဉ်းစားမနေနဲ့”လို့ ရေးသားမျှဝေထားတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ထမ်းအားလုံး မကြောက်ကြပါနဲ့ ဘယ်ပါတီကိုဘဲထောက်ခံထောက်ခံ သတ္တိရှိကြပါ အလုပ်ဖြုတ်မရပါဘူး အာဏာနဲ့ ကြက်ဆူစိုက်ခိုင်းတဲ့ခေတ် ကုန်ခဲ့ပါပြီ ဒါတောင် ပြည်ထဲရေးက အစိုးရ လက်အောက်မရောက်သေးလို့ ရောက်လာရင်အားလုံး တရားကိုနတ်စောင့်လိမ့်မယ်” ဆိုပြီးတော့ “‎ကိုဇော် နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ “သတင်းထူး သတင်းဦး သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါ အတိုင်းမျှဝေထားပါတယ်။

Fb linkArchive link

အလားတူ ပို့စ်မျိုးကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အခုလိုမျှဝေထားတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး ဒုရဲအုပ်တစ်ဦးဖြစ်သူ “Aung Kyaw”အမည်နဲ့ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်က အောက်ပါ အတိုင်းပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။

“ဖော်ပြပါAccount အမျိုးမျိုးဖြင့်ကျနော်၏ပုံကိုနည်းပညာဖြင့်ခိုးယူကာ မသမာသောရည်ရွယ်ချက်ဖြင့် ကျနော်အားတစ်နည်းနည်းဒုက်ခရောက်စေရန်ရည်ရွယ်၍ လူမှုကွန်ယက်ပေါ်တွင်ပျံ့နှံ့အောင်လုပ်ဆောင် နေပါသည် ဖော်ပြပါပုံသည်ကျနော်၏ပုံမှန်သော်လည်း ဖော်ပြပါအကြောင်းအရာများသည် ကျနော်နှင့် လုံးဝ(လုံးဝ)မသက်ဆိုင်ကြောင်းနှင့်လုံးဝ(လုံးဝ)မသိဘဲတာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်း ကျနော်သည် ဝန်ထမ်းစည်းမျဉ်းနှင့်အညီပါတီနိုင်ငံရေးကင်းရှင်းစွာနေထိုင်ကြောင်း ယခုဖော်ပြပါPostနှင့် ပတ်သက်၍ တင်ပြ သူ၏တာဝန်သာဖြစ်ကြောင်း Account ပိုင်ရှင်များကိုလည်းစုံစမ်းလျှက်ရှိကြောင်း ကျနော်၏FB မိတ်ဆွေ အခြားမိတ်ဆွေကောင်းများအနေဖြင့်လည်း ကူညီစုံစမ်းပေးစေလိုကြောင်း တိကျစွာသိရှိရပါက ဆက်သွယ်ရေး ဥပဒေအရအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျေနပ်/မကျေနပ်မှုများရှိပါကရဲဝံ့စွာဖြင့် ၀၉၄၀၁၆၃၃၄၈၄ သို့အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်းအသိပေးတင်ပြဖြေရှင်းအပ်ပါသည်”ဆိုပြီးရေးသားထားပါတယ်။

အခုလို လူမှုကွန်ယက်အသုံးပြုသူများအကြားမှာ ပျံ့နှံ့လျက်ရှိသော ဓာတ်ပုံဟာ “Aung Kyaw” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မတ် ၁၁ ရက်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာ တင်ထားတာတွေ့ရပါတယ်။ မူရင်းပုံနဲ့ ပျံ့နှံ့လျက်ရှိတဲ့ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါ အချက်အလက်အရ ရဲအရာရှိတစ်ဦးက ဓာတ်ပုံမှာ “NLD ထက်ကောင်းတဲ့အစိုးရမရှိဘူး။ စဉ်းစားမနေနဲ့”လို့ ရေးသားမျှဝေထားတယ်ဆိုတဲ့အချက်နဲ့ ဓာတ်ပုံဟာ ဒီဂျစ်တယ်နည်းလမ်းနဲ့ ပြုပြင်ထားတဲ့ ပို့စ်တစ်ခုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:NLD ထက်ကောင်းတဲ့အစိုးရမရှိဘူးလို့ ဓာတ်ပုံထဲက ရဲအရာရှိက ပြောခဲ့သလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *