Fact Check : နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင်ရမယ်ဆိုတာ မဟုတ်ပါ

Coronavirus False နိုင်ငံရေး | Politics လူမှုရေး

COVID-19  ကူးစက်ပျံ့နှံ့မှု ဆက်တိုက်မြင့်တက်လျက်ရှိရာမှာ အထူးသဖြင့် လူဉီးရေထူထပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ ကူးစက်ပျံ့နှံမှုအဓိကဖြစ်ပေါ်နေတာတွေ့ရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နေပြည်လူထုကို အိမ်တွင်သာနေထိုင်ရန် စက်တင်ဘာ ၂၀ ရက်ကအမိန့်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

ဒီလိုအခြေအနေမှာ “24 ရက်နေ့နောက်ပိုင်း ကျန်းမာရေးကထုတ်ပြန်သတ်မှတ်ထားတဲ့ အပြင်ထွက်ခွင့် ရှိတဲ့ သူမဟုတ်ဖဲ နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင် ရမယ်(အခုလိုလုပ်တာ ဖြစ်သင့်တဲ့ကိစ္စပါ။ ထိထိရောက်ရောက်ကိုင်တွယ်မှ ရန်ကုန်မြို့ကြီးအမြန်ဆုံး ပြန်လည်ကျန်းမာလာမှာပါ)#Crd #ကြည်သာဟန် — feeling thankful in Mawlamyine..” စသည်ဖြင့် ရေးသားပြီး ‎”Oo Lay Yan Myo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။ အလားတူ ပို့စ်ကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ဒီသတင်းကို Suzuki KL Seven ကားအရောင်းစင်တာပိုင်ရှင် Kyi Thar Han အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ၄◌င်းအနေနဲ့ ဝန်ထမ်းတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရေးသားတာလို့လည်း နောက်ပိုင်းမှာ ပြန်လည်ဖြေရှင်းထားတာတွေ့ရပြီး မူရင်းပို့စ်ကိုလည်း ဖြတ်ချခဲ့တာတွေ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာ ၂၂ ရက်ကညပိုင်းမှာ “ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ပြည်သူများသို့ အသိပေးခြင်း”ဆိုပြီး ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပြီး စက်တင်ဘာ ၂၄ ရက်နေ့ နောက် ပိုင်း သတ်မှတ်ထားသူကလွဲလို့ အပြင်ထွက်ရင် ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ငွေဒဏ် ၃ သိန်းပေး ဆောင်ရမယ် ဆိုတာ မဟုတ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

Yangon Region Government

“ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ”ကိုအောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီဉပဒေအရ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနက လိုအပ်သလို အမိန့်နဲ့ ညွှန်ကြားချက်တွေ ထပ်မံ ထုတ်ပြန်နိုင်တာတွေ့ရပါတယ်။ 

Link

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေ ထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာချက်ချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ တည်ဆဲဉပဒေများနဲ့အညီရေးယူသွားမယ်လို့ဖော်ပြထားပေမယ်လို့ ဖော်ပြထားတာတွေ့ရပြီး ပြစ်မှုနဲ့ပြစ်ဒဏ်ကိုတော့ အသေးစိတ်ဖော်ပြထားတာမတွေ့ရှိရပါဘူး။ ဒီ ညွှန်ကြားချက်ဟာ စက်တင်ဘာ ၂၁ ရက် မနက် ၈ နာရီကတည်းက အသက်ဝင်သည်လို့ ရေးသားထား တာလည်းတွေ့ရပါတယ်။

https://www.facebook.com/MinistryOfHealthAndSportsMyanmar/posts/3794168860612391

သုံးသပ်ချက်

အထက်ပါ အချက်အလက်တွေအရ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိသော ၂၄ ရက်နေ့နောက်ပိုင်း ကျန်းမာရေး ကထုတ်ပြန်သတ်မှတ်ထားတဲ့ အပြင်ထွက်ခွင့်ရှိတဲ့သူမဟုတ်ဖဲ နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင်ရမယ်ဆိုတဲ့အချက်ကို အချက်အလက်မှားအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:Fact Check : နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင်ရမယ်ဆိုတာ မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *