
လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီတွေ ဖွဲ့စည်းပြီး သက်ဆိုင်ရာကော်မတီတွေကို သေချာကြပ်မတ်ဆောင်ရွက်နိုင်ရန်ဆိုတဲ့ တပ်မတော်ရဲ့ ထိတ်တန်း လျှိုဝှက်စာဆိုတဲ့ ပို့စ်တစ်ခုပျံ့နှံ့နေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ “စစ်တပ်ဟာပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း ပြဌာန်းထားပါတယ်။ ဒါပေမဲ့တပ်ချုပ်ကိုယ်တိုင် ကြံ့ခိုင်ရေးအတွက် မဲဆွယ်ပါတယ်။”စသဖြင့်အညွှန်းတပ်ထားပြီး ၂၀၂၀ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ဦးစီးကော်မတီနဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှု အကြောင်းကြားခြင်းဆိုတဲ့ တပ်မတော်ရဲ့ထိတ်တန်းလျှို့ဝှက်စာဆိုတာကို ဓာတ်ပုံရိုက်တင်ထားတာတွေ့ရပါတယ်။ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ပြန်လည်မျှဝေကြတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဒီပို့စ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းအမှားဖြစ်ကြောင်းကို BBC Burmesနဲ့ အင်တာဗျူးမှာ ပြန်လည်ဖြေဆိုထားတာတွေ့ရပါတယ်။
“ဒါက စာအတုဖြစ်တယ်၊ ဒီလိုအချိန်မျိုးမှာ ဒီလိုစာထွက်လာတာက တပ်မတော်နဲ့ အစိုးကြား၊ တပ်မတော်နဲ့ နိုင်ငံရေးအဖွဲ့စည်းတွေကြားမှာ သွေးခွဲတဲ့ပုံစံမျိုးဖြစ်တယ်၊ တပ်မတော်မှာ ထိပ်တန်းလျှိုဝှက်ဆိုတာအဆင့်တွေ၊ ကန့်သတ်ချက်တွေ အများကြီးရှိတယ်၊ တပ်မတော်ထိပ်တန်းလျှိုဝှက်ဆိုတာက စစ်ဆင်ရေးတွေမှာ၊ စစ်ဆင်ရေးမှာတောင် အနာဂတ်စစ်ဆင်ရေးတွေမှာသုံးတာများပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေဆိုထားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်လက်တွေအရ တပ်မတော်ရဲ့မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ကော်မတီဖွဲ့ဖို့ ထိတ်တန်းလျှို့ဝှက်ဆိုတဲ့စာက စာအတုအဖြစ်သတ်မှတ်ပါတယ်။

Title:တပ်မတော်ရဲ့မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ကော်မတီဖွဲ့ဖို့ ထိတ်တန်းလျှို့ဝှက်ဆိုတဲ့ စာအတု
Fact Check By: Lynn YuResult: False
Thank You