Fact Check: ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းမှား ဖြန့်ဝေ

Coronavirus False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူး၊ COVID 19 ကူးစက်ခံရတယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ 

“နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တတိယအကြိမ် ဆေးစစ်ချက် COVID 19 ရောဂါပိုး Positive အဖြေထွက်ဟုဆို” ခေါင်းစဉ်တပ်ပြီး “နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ထမ်းအချို့နှင့် သမ္မတရုံး ဝန်ထမ်းများအပါအဝင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိစပ်မှု့ရှိခဲ့သည့် အသိုင်းအဝိုင်းများမှ လူပုဂ္ဂိုလ်အချို့မှာ COVID 19 ရောဂါပိုးတွေ့ရှိ ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်အား COVID 19 ရောဂါ ပိုးကူးစက်ခံရမှုရှိမရှိ စစ်ဆေးခဲ့ရာ ပထမ အကြိမ်နှင့် ဒုတိယအကြိမ်များတွင် Nagative အဖြေထွင်ခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် ညနေပိုင်း တွင်တတိယအကြိမ် ပြန်လည်စစ်ဆေးခဲ့ရာ Positive အဖြေထွက်ခဲ့သည့်အတွက် အထူးကုသမားတော်ကြီး များဖြင့် သီးသန့်ကုသနေကြောင်း နေအိမ်အသိုင်းအဝိုင်းများထံမှ သိရသည်”ဆိုပြီးတော့ Forward Media Group ကရေးသားမျှဝေထားပါတယ်။

Fb linkArchive link

အခြားသော ပို့စ်တွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်အသက်ရှူကြပ်နေပြီ ကျန်းမာရေးကိစ္စ ကိုရီးယားကို ထွက် သွားပြီစသည်ဖြင့်ရေးသားပြီး ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်

ဒီလို Forward Media Group ကသတင်းဖြန့်ဝေအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန် ကြောင်းနဲ့ COVID 19 ရောဂါပိုး Positive အဖြေထွက်တယ်ဆိုတာ မဟုတ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဉီးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်ရှင်းလင်းအသိပေးထားတာတွေ့ရပါတယ်။ အခုလို သတင်းတုသတင်းမှားတွေ ဖြန့်ဝေနေတာကို အတိအကျသိရပြီဆိုရင် ပြင်းပြင်းထန်ထန်အရေး ယူသွား မှာဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။ 

https://www.facebook.com/official.zawhtay/posts/3362777740485957

ြသလထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေဆိုးရွားပြီး အထူးကြပ်မက်ဆောင်မှာ ကုသနေရတယ်ဆိုတဲ့ သတင်းမှားတွေ ဖြန့်ဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar က အချက်အလက် စိစစ်ထားတာကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည် COVID-19 အတည်ပြုသတင်းအပါအဝင် ကျန်းမာရေး ဆိုးရွားနေတဲ့သတင်းတွေဟာ သတင်းတု သတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းမှား ဖြန့်ဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *