
အမေရိကန်သမ္မတထရမ့် NLD စာသားနဲ့ ဦးထုပ်ဆောင်းထားတဲ့ပို့စ်ကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “အနိုင်ရရှိသွားတဲ့ Trump က မြန်မာပြည်သူပြည်သားတွေအားလုံး NLDကိုမဲပေးကြပါတဲ့” လို့လည်း ရေးထားပြီး ထရမ့်ဟာ “NLD”လို့ရေးသားထားတဲ့ အဖြူရောင်စာသားပါ အနီရောင်ဉီးထုပ် ကိုလည်း ဆောင်းပြီး လက်မထောင်နေပုံလည်း ပါဝင်ပါတယ်။
ထရမ့်ဆောင်းထားတဲ့ အနီရောင်ဉီးထုပ်မှာ “NLD”လို့ ရေးသားထားတဲ့ စကားလုံးဟာ မူရင်းဓာတ်ပုံကို ပြုပြင် တည်းဖြတ်ထားတာတွေ့ရပြီး ထရမ့် NLD ကိုမဲပေးပါလို့ပြောခဲ့တဲ့အထောက်အထား Fact Crescendo Myanmar အနေနဲ့မတွေ့ရှိရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပထမဆုံး အမေရိကန်သမ္မတထရမ့်ရဲ့ ဓာတ်ပုံကိုရှာကြည့်ရာမှာ ဒီဓာတ်ပုံကို သတင်းဓာတ်ပုံတင်တဲ့ Getty Images တင်ထားတာတွေ့ရပါတယ်။
“စကော့တလန်နိုင်ငံ အဲရ်(Ayr) မြို့ရှိ ၎င်းပိုင်တင်ဘာရီဂေါက်ကွင်းသို့ ၂၀၁၅ ခုနှစ် ဇူလိုင် ၃၀ ရက် ရီပတ်ဘလင်ကန်သမ္မတလောင်း ဒေါ်လ်နယ်ထရမ့် လာရောက်လည်ပတ်ခဲ့စဉ်က လက်မထောင်ပြပုံ”လို့ ဓာတ်ပုံစာသားမှာ ရေးထားပါတယ်။

လူမှုကွန်ယက်မှာ NLD တံဆိပ်နဲ့ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံနဲ့ ၂၀၁၅ ခုနှစ်ကဖော်ပြထားတဲ့ ဓာတ်ပုံကိုအောက်ပါ အတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ထို့အပြင် သမ္မတထရမ်အသုံးပြုတဲ့ တွစ်တာ၊ဖေ့စ်ဘွတ်စာမျက်နှာနဲ့ အိမ်ဖြူတော်ထုတ်ပြန်ချက်တွေမှာလည်း မြန်မာနိုင်ငံ သို့မဟုတ် NLD ပါတီနဲ့ပတ်သက်ပြီး ပြောဆိုထားတာမျိုး မတွေ့ရပါဘူး။
အမေရိကန်နိုင်ငံမှာ နိုဝင်ဘာ ၃ ရက်က ရွေးကောက်ပွဲကျင်းပပြီးစီးခဲ့ပြီဖြစ်ပေမယ့် အနိုင်ရတဲ့သူကို အောက်တိုဘာ ၆ ရက်အထိတရားဝင်ကြေညာနိုင်သေးခြင်းမရှိတာလည်းတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ အမေရိကန်သမ္မတထရမ့် NLD တံဆိပ်နဲ့ ဦးထုပ်ဆောင်းထားတဲ့ပုံဟာ ဓာတ်ပုံကို ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြောင်းလဲထားတဲ့ပုံဖြစ်တာတွေ့ရပါတယ်။ ထရမ့်အနေနဲ့ NLD ပါတီနဲ့ပတ်သက်ပြီး ပြောဆိုထားတာမျိုးမတွေ့ရပါဘူး။

Title:ထရမ့် NLD တံဆိပ်ဦးထုပ်ဆောင်းပြီး မဲပေးပို့တိုက်တွန်း ခဲ့သလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Altered