Fact Check: ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့တယ်ဆိုတဲ့ သတင်းအမှား

False နိုင်ငံရေး | Politics

နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေနဲ့အတူ လူသတ်ခြိမ်းခြောက်တာတွေဖြစ်လာတာကြောင့် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုရဲ့ဆန္ဒအရ လွတ််လပ်တဲ့ ရွေးကောက်ပွဲ မသမာမှု အထူးစုံစမ်းရေးအဖွဲ့ကို နိုဝင်ဘာလ ၂၀ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်းအကြောင်းကြားတဲ့အမိန့်စာလိုရေးသားထားတဲ့စာကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။

ဒီစာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲကို အငြင်းပွားစရာတွေနဲ့ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲရလာဒ်အပေါ် လူသတ်ခြိမ်းခြောက်တာတွေရှိလာကြောင့် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုရဲ့ဆန္ဒအရ လွတ််လပ်တဲ့ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းရေးအဖွဲ့ကို နိုဝင်ဘာလ ၂၀ရက်နေ့က ဖွဲ့စည်းခဲ့တဲ့အကြောင်း၊ နိုဝင်ဘာ ၂၃ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်မှာဖြစ်တဲ့အကြောင်း၊ ဒီအဖွဲ့ကို အရေးပေါ်စီမံခန့်ခွဲပိုင်ခွင့်ဥပဒေအရဖွဲ့လိုက်တာဖြစ်တဲ့အကြောင်းနဲ့ အဖွဲ့မှူးသောင်းထွန်းနိုင်ဆိုသူက လက်မှတ်ထိုးထုတ်ပြန်ထားတာတွေ့ရပါတယ်။ထိုစာနဲ့အတူ ပူးတွဲအထူးအသိပေးချက်ဆိုတဲ့စာပါဝင်ပြီး ဒီစာမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲမသမာမှုတွေကိုကိုယ်လွတ်ရုံးတာကို တွေ့ရတာကြောင့် အောက်ခြေရပ်ကျေးမဲရုံမှူးတွေအနေနဲ့ ခိုင််းစေသူကိုဖော်လျှင် အပြစ်ကင်းလွတ်ခွင့်ရမှာဖြစ်တဲ့အကြောင်း ဆက်လတ်ရေးသားထားတာကိုတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်ကအလက်စိစစ်ချက်

ဒီပို့စ်တွေနဲ့ပတ်သက်ပြီး အချက်အလက်စိစစ်မယ်ဆိုရင် ပထမဦးဆုံအနေနဲ့ ဒီလိုအထူးစုံစမ်းရေးအဖွဲ့ ဖွဲ့တဲ့အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွခ်စာမျက်နှာအပါအဝင် သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ရွေးကောက်ပွဲကော်မရှင်စတဲ့ အစိုးရနဲ့သက်ဆိုင်တဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ ဝဘ်ဆိုဒ်တွေမှာ ဒီအဖွဲ့အကြောင်းကို ရေးသားဖော်ပြထားတာမတွေ့ရပါဘူ။

နောက်တစ်ချက်အနေနဲ့ ဒီစာမှာရေးသားထားတဲ့ စာတွေမှာ စားလုံးသတ်ပုံအမှားယွင်းတွေနဲ့ မြန်မာသဒ္ဒါအထားအသိုလွဲမှားချက်တွေကို တွေ့ရပြီး အစိုးရကထုတ်ပြန်တဲ့ အမိန့်စာ၊ ကြေငြာချက်၊ သဝဏ်လွှာစတဲ့စာတွေရဲ့ နဖူးစည်းထိပ်မှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်”ဟုသုံးနှုန်းလေ့ရှိပေမဲ့ အထက်ပါအဖွဲ့ဖွဲ့တယ်ဆိုတဲ့ စာမှာတော့ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ”လို့ပဲ သုံးထားတာကိုတွေ့ရပါတယ်။ ဒီစာရဲ့ နဖူးစည်းထိပ်မှာ “ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းရေးအဖွဲ့”လို့ သုံးထားပေမဲ့ အောက်ခြေလက်မှတ်ထိုးတဲ့ နေရာမှာတော့ “ရွေးကောက်ပွဲမသမာမှု စုံစမ်းရေးအဖွဲ့”လို့သာသုံးထားကာ “အထူး”ဆိုတဲ့ စကားလုံးမပါလာတာကိုတွေ့ရပါတယ်။ အစိုးရကထုတ်ပြန်တဲ့ အမိန့်စာ ကြေငြာချက်တွေရဲ့ အင်္ဂါရပ်တွေနဲ့ မညီတာကိုတွေ့ရပါတယ်။

ဒါ့အပြင် အဆိုပါစာမှာရည်းညွှန်းထားတဲ့ ဒီအဖွဲ့ကိုဖွဲ့စည်းစေသော “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အရေးပေါ်စီမံခန့်ခွဲပိုင်ခွင့်ဥပဒေ”ဆိုတာကလည်း ၂၀၁၆ခုနစ်ကတည်းက ရုတ်သိမ်းထားတဲ့ဥပဒေဖြစ်တာကိုတွေ့ရပါတယ်။ “အရေးပေါ်စီမံမှုအက်ဥပဒေကို ရုတ်သိမ်းသည့်ဥပဒေ”ကို သမ္မတဦးထင်ကျော်လက်ထပ် ၂၀၁၆ခုနစ် အောက်တိုဘာလ ၄ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – President Offce link  |  Archive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့တယ်ဆိုတဲ့သတင်းဟာ သတင်းအမှားသာဖြစ်တာကိုတွေ့ရပါတယ်။

Avatar

Title:ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့တယ်ဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *