Fact Check: ဦးဝင်းထိန် နုတ်ထွက်မယ်လို့ သတင်းတုသတင်းမှားဖြန့်

False နိုင်ငံရေး | Politics

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးဝင်းထိန်က မဲခိုးတာကို လက်မခံသလို ထောင်ကျမခံနိုင် တဲ့အတွက် နုတ်ထွက်တော့မယ်လို့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။

မဲ မသမာမှုကိုတော့ သူ့အနေနဲ့ လက်မခံကြောင်းနဲ့ထောင်ကျမခံနိုင်တဲ့အတွက် နုတ်ထွက်မယ့်အကြောင်း ဦးဝင်းထိန်က ပြောကြားတယ်ဆိုပြီးတော့ ဓာတ်ပုံနှင့် တကွဖော်ပြထားတာတွေ့ရပါတယ်။

သို့သော်လည်း ဦးဝင်းထိန်အနေနဲ့မီဒီယာတွေနဲ့ ပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဦးဝင်းထိန်က သတင်းစာတစ်စောင်ကို ပြောကြားဟန်နဲ့ သတင်းစာပုံစံအတုကို ဆော့ဖ်ဝဲလ်တစ်ခုခုကို အလွယ်တကူပြုလုပ်နိုင်တာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ မဲမသမာမှုတွေ ရှင်းပြီးမှာ အစိုးရဖွဲ့သင့်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်ကပြော တယ်ဆိုပြီးတော့ မီဒီယာတစ်ခုကို ပြောကြားဟန်နဲ့  အလားတူ သတင်းတု ဖြန့်ခဲ့ပါသေးတယ်။ 

NLD နာယက ဦးဝင်းထိန်ဟာ ပါတီတာဝန်နဲ့ နေပြည်တော်မှာ ဩဂုတ်လကတည်းရောက်ရှိနေပြီး ယနေ့အချိန်ထိ မီဒီယာများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ အင်တာဗျူး ဖြေကြားခြင်းများကို လုံးဝမပြုလုပ်ခဲ့ကြောင်း ဗဟိုပြန်ကြားရေးကော်မတီဝင်ဦးကြည်တိုးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာက တစ်ဆင့် ဇန်နဝါရီ ၂၀ ရက်မှာ ရှင်းလင်းထားပါတယ်။

ဒီဓာတ်ပုံကို အသုံးပြုပြီးတော့ဦးဝင်းထိန်ဦးဆောင်တဲ့ အုပ်စု ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ထွက်သွားတယ်လို့ ဇန်နဝါရီ ၂၅ ရက်မှာသတင်းမှားဖြန့်ခဲ့ပါသေးတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ် ထားတာကို ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။

ဦးဝင်းထိန်နုတ်ထွက်မယ်ဆိုတဲ့ကိစ္စဟာ သတင်းတုသတင်းမှားဖြစ်ကြောင်း ငြမ်းမီဒီယာကို မုံရွာအောင်ရှင်က ပြောထားတာ ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ NLD က နုတ်ထွက်တော့မယ်လို့ ဦးဝင်းထိန်ကပြောတယ်ဆိုတာ သတင်းတု ဖန်တီးထားခြင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ဦးဝင်းထိန် နုတ်ထွက်မယ်လို့ သတင်းတုသတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *