Fact Check: ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းအတွင်း သေဆုံးခဲ့ရသည့် ကလေးမိခင်ဓာတ်ပုံကို မြိတ်က သေနတ်နဲ့ပစ်သတ်ခံရသည့် အဖြစ်အပျက်အဖြစ်မျှဝေ

False လူမှုရေး

မြေပြင်ပေါ်လဲကျနေသည့် အမျိုးသမီးတစ်ဉီးကို ကလေးငယ်က ဖက်တွယ်ထားတဲ့ ဓာတ်ပုံကို လက်ရှိ အရေး အခင်းကာလအတွင်းအဖြစ်အပျက်သဖွယ်ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်း များစွာ ပြန်လည်မျှ ဝေနေပါတယ်။ မိခင်အမျိုးသမီးဟာ သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းအတွင်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးပုံဖြစ်ပြီး ဓာတ်ပုံပါ အမျိုးသမီးဟာ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းမဟုတ်ပါဘူး။ 

“ဘိတ်ခြေနေမကောင်းဘူး ဝိုင်းကူညီပါအုံး ကျနော်တို့ဘိတ်ကို ကူညီပါအုံး အမေကသေနတ်မှန်ပြီးသေနေပြီ 😭 ကလေးလေးကနို့ဆာလို့နေ သနားစရာ ရင်နင့်စရာ  အကျည်းတန်တဲ့ မြန်မာပြည်ကအဖြစ်စနစ်တွေထဲ က တစ်ခု့ပါဗျာ 😭 အော်…..လုပ်ရက်ကြပေ😢😭 (26.3.2021) ဟာ 😭 ရက်စက် လိုက်ကြတာ 😭  မြိတ်မြို့ကပါ”လို့ ရေးသားပြီး “Aung Point”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူရေးသားမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link |  Archive link

အလားတူ “အမေကသေနတ်မှန်ပြီးသေနေပြီ ကလေးလေးက နို့ဆာလို့နေ သနားစရာ ရင်နင့်စရာ အကျည်းတန်တဲ့ မြန်မာပြည်ကအဖြစ်သနစ်တွေထဲက တစ်ခုပေါ့ 😢 သြော်…လုပ်ရက်ကြတယ်ဗျာ”လို့ရေးသားပြီး နောက်ခံမှာ သီချင်းတစ်ပုဒ်နှင့်အတူ “သီချင်းပေါင်း စုံတင်မယ်” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ က မတ်လ ၂၆ ရက်နေ့က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၅ သောင်း ၆ ထောင် ရှိပါတယ်။အခြားသော ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေကို  ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link |  Archive link 

အချက်အလက်စိစစ်ချက်

Yandex မှာ ပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။

Medium.com မှာ The Fiery အမည်နဲ့အကောင့်က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်စွဲနဲ့ “လူသားဟာ လူသားဖြစ်တယ်။ လူကို လူလိုဆက်ဆံပါ”လို့ ဘာသာပြန်ဆိုနိုင်မယ့်ခေါင်းစဉ်နဲ့ရိုဟင်ဂျာတွေဖိနှိပ်ခံရမှုအကြောင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီဓာတ်ပုံကိုတွေ့ရပါတယ်။

ဓာတ်ပုံရဲ့ အောက်ခြေမှာ စာအဖြစ် “ ဘင်္ဂလားဒေ့ရှ်သို့ ၁၃ ရက်ကြာလမ်းလျှောက်ခဲ့ရတဲ့ ရိုဟင်ဂျာမွတ်ဆလင် မိခင်တစ်ယောက် အားအင်ပြတ်လပ် လဲကျခဲ့တယ်”လို့ ရေးသားခဲ့ပါတယ်။

မူရင်းလင်ခ့် –  The Fiery |  Archive link 

ဒီဓာတ်ပုံကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်က  Help Foundation က” ရိုဟင်ဂျာအကြပ်အတည်း- အမေမပါပဲ ကလေးကဘယ်မှမသွား။သို့သော်လည်း အမေဘယ်တော့မှ ပြန်မနိုးထတော့မည်ကို ကလေးက မသိပေ”လို့ဘာသာပြန်ဆိုနိုင်မယ့် အင်္ဂလိပ်ဘာသာနဲ့ ရေးသားပြီး ဖော်ပြခဲ့တာကိုလည်းအောက်ပါ အတိုင်းတွေ့နိုင်ပါတယ်။ 

https://www.facebook.com/RohingyaUkhiya/photos/a.271384516713255/286947238490316/

မူရင်းလင်ခ့် –  Help Foundation |  Archive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မြေပေါ်မှာလဲကျနေတဲ့ အမျိုးသမီးတစ်ဉီးကို ကလေးငယ်တစ်ဉီးက ဖက်တွယ်နေတဲ့ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေးအခင်းမှာ အားပြတ်သေဆုံးခဲ့တဲ့ ကလေးမိခင် ဓာတ်ပုံဖြစ်ပါတယ်။

Avatar

Title:၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းအတွင်း သေဆုံးခဲ့ရသည့် ကလေးမိခင်ဓာတ်ပုံကို မြိတ်က သေနတ်နဲ့ပစ်သတ်ခံရသည့် အဖြစ်အပျက်အဖြစ်မျှဝေ

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *