Fact Check: ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံအတွက် လက်သုံးချောင်းထောင်နေခြင်းလား-မဟုတ်ပါ

False လူမှုရေး

အနောက်တိုင်းဝတ်စုံဝတ်အသက်ကြီးပိုင်းအမျိုးသားတစ်ယောက် ဓာတ်ပုံနှင့်တကွ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်ဟာ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ပြီး လက်သုံးချောင်းထောင်နေပုံ အဖြစ် မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။

သို့သော်လည်း ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ဖြစ်ပြီး လက်သုံးချောင်းထောင်တာကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ခြင်းမရှိတာတွေ့ရပါတယ်။

“ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်  မြန်မာပြည်သူနဲ့ ရပ်တည် 💗

ဝန်ကြီးချုပ် ကျန်းမာပါစေ 💗”လို့ရေးသားပြီး “ကိုစိုင်း မြတ်သူ”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၆ ရက်က မျှဝေရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၆ ရာရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link |  Archive link 

အချက်အလက်စိစစ်ချက်

ပထမဆုံး ဓာတ်ပုံကို ပုံရှာနည်းနဲ့ အဓိကကျတဲ့စကားလုံးအသုံးပြုရှာဖွေနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ  ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPV)ရဲ့ အထွေထွေ အတွင်းအရေးမှူး ငုယင်ဖူသောင်(Nguyen Phu Trong)ရဲ့ ပုံဖြစ်တာတွေ့ရပါတယ်။  ကမ္ဘောဒီးယားဝန်ကြီးချုပ် ဓာတ်ပုံကို ဒီလင့်ခ့်မှာ လေ့လာနိုင်ပါတယ်။ 

အထွေထွေ အတွင်းအရေးမှူး ရာထူးအတွက် တတိယအကြိမ်အရွေးချယ်ခံ ရပြီးနောက် ဖေဖော်ဝါရီ ၁ ရက်က သတင်းစာရှင်းလင်းပွဲမှာ ငုယင်ဖူသောင် ဒီလို လက်သုံးချောင်ထောင်တဲ့ အပြုအမှု တစ်ခုလုပ်ခဲ့တာကို သတင်းထောက်ကမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ 

ဒီဓာတ်ပုံတွေရဲ့ စာသားအဖြစ် “၁၃ ကြိမ်မြောက် ဗီယက်န်ကွန်မြူနစ်ပါတီ(CPV)ရဲ့ အမျိုးသားကွန်ဂရက်အပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ဟနွိုင်းမြို့ အမျိုးသားကွန်ဗင်းရှင်းစင်တာတွင် ဗီယက်နမ်ရဲ့ အသစ်စက်စက် ရွေးချယ်လိုက်သော ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး ငုယင်ဖူသောင်က သတင်းစာရှင်းလင်းပွဲတွင် မိန့်ခွန်းပြောကြားနေစဉ်(ဓာတ်ပုံ- MANAN VATSYAYANA / AFP) (Photo by MANAN VATSYAYANA/AFP via Getty Images)”လို့ ရေးသားထားပါတယ်။) ယင်းနေ့မှာပဲ အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အထောက် အထားမတွေ့ရပါဘူး။

မူရင်းလင်ခ့် –  Gettyimages |  Archive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPV)ရဲ့ အထွေထွေ အတွင်းအရေးမှူး ငုယင်ဖူသောင်ရဲ့ ပုံဖြစ်ပါတယ်။ လက်သုံးချောင်း ထောင်နေတဲ့ ပုံဟာလည်း မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကိုထောက်ခံမှုပုံစံနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

Avatar

Title:ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံအတွက် လက်သုံးချောင်းထောင်နေခြင်းလား-မဟုတ်ပါ

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *