
လက်နက်တွေနဲ့ ကျည်အိမ်တွေအများအပြားပါဝင်တဲ့ ဓာတ်ပုံတွေကို မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ပြည်ပက လှူတဲ့ လက်နက်တွေလို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။
သို့သော် ဓာတ်ပုံအချို့ဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံတွေဖြစ် တာတွေ့ရပါတယ်။
“ပြည်ပမှအလှူရှင်များ ရောက်ပါပြီ”လို့ရေးသားပြီး “ကချင်မြေ Global Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို အောက်ပါအတိုင်းမျှဝေထားပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
ဒီပို့စ်ပါဓာတ်ပုံတွေကိုပဲ “ရဲနိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း “ဟျောင့်! (စောက်ပု) မီးကျိုးမောင်းပျက်တွေမဟုတ်ဘူးနော် အသစ်စက်စက်တွေကွ 😁😁😁”လို့ရေးသားမျှဝေထားပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
ဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အခန်းကျယ်တစ်ခုမှာ သေနတ်တွေ တန်းစီထားတဲ့ ဓာတ်ပုံကို ၂၀၂၀ ခုနှစ် စင်တင်ဘာ ၃ ရက်က အာရပ်ဘာသာစကားနဲ့ရေးသားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုမှာ တင်ထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – هواة ومحبي الاسلحه والاسلحه الشخصيه | Archive link
နောက်ထပ် သစ်သားရောင် သေနတ်အုံနဲ့ သေနတ်ပြောင်းတပ်ဆင်ထားတဲ့ သေနတ်ဓာတ်ပုံကိုလည်း ၂၀၁၄ ခုနှစ်ကဖော်ပြခဲ့တဲ့ Ouririshheritage အမည်နဲ့ဝက်ဘ်ဆိုဒ်က AK47 သေနတ်နဲ့ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ်မှာ အသုံးပြုထားတာတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Ouririshheritage | Archive link
အခြားသော သေနတ်ကျည်အိမ်နဲ့ သေတ္တာထဲက သေနတ်ပုံတွေကိုလည်း ပုံရှာနည်းနဲ့ အဓိကျတဲ့စကားလုံးအချို့ အသုံးပြုရှာဖွေနည်းများနဲ့ ရှာဖွေခဲ့ရာမှာ ယခုထက်စောပြီး ပျံ့နှံ့ခဲ့တဲ့အကြောင်းအရာတစ်စုံတစ်ရာ မတွေ့ရ တဲ့အတွက် ပျံ့နှံ့ခဲ့တဲ့ပို့စ်ပါ ပြောဆိုချက်နဲ့ ကိုက်ညီမှုရှိမရှိ Fact Crescendo အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ပြည်ပက လှူတဲ့ လက်နက်တွေအဖြစ်မျှဝေထားတဲ့ ဓာတ်ပုံတွေထဲက အချို့သော ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံဟောင်းတွေဖြစ်တာတွေ့ရပါတယ်။

Title:ဒီပုံတွေက ပြည်ပကလှူတဲ့ လက်နက်တွေလား- မှားယွင်းနေသည်
Fact Check By: Nayar MaungResult: Missing Context