Fact Check: ခြံအမှတ်(၅၄)က ရရှိတဲ့ရွှေချောင်းနဲ့ဒေါ်လာတွေဆိုတဲ့ ဓာတ်ပုံအမှား

False နိုင်ငံရေး | Politics

ခြံအမှတ် ၅၄ က ရတဲ့ရွှေချောင်းတွေဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ရွှေချောင်းတွေနဲ့ ဒေါ်လာငွေကြေးအပုံလိုက် ဓာတ်ပုံတွေပါဝင်ပြီး ရွှေက တစ်တန်ခွဲနဲ့ ငွေကြေးကတော့ စိစစ်ဆဲလို့ ရေးသားထားပါတယ်။ ခြံအမှတ် ၅၄ ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းကအိမ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။

သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပြန်နှံ့ခဲ့ပြီးဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံတွေဖြစ် တာတွေ့ရပါတယ်။ 

“ခြံအမှတ်(၅၄)

လို့ပြောတာပဲ

ရွှေကတစ်တန်ခွဲရှိတယ်တဲ.

ငွေကစစ်နေတာမပြီးသေးဘူးတဲ.

photo

credit”လို့ရေးသားလျှက် “Nyi Zaw”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၂၅၀  ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို  ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေ မှာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

ပထမဆုံး ရွှေချောင်းပုံ ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေခဲ့ပြီး ဓာတ်ပုံပျံ့နှံ့ခဲ့ပုံကိုအချိန်အပိုင်းအခြား အလိုက် ရှာဖွေကြည့်ရာမှာ မူလပုံဟာ  ၂၀၁၂ ခုနှစ်ကတည်းက အင်တာနက်မှာ အစောဆုံး ပျံ့နှံ့လျက်ရှိတာ တွေ့ရပြီး အဲဒီနောက်မှာလည်း ဝက်ဘ်ဆိုဒ်အများအပြားမှာ လိုအပ်သလို ဖြတ်တောက်ပြီး အကြိမ်ကြိမ်သုံးစွဲခဲ့ တာ တွေ့ရပါတယ်။

 “bruce wayne”အမည်နဲ့ pinterest အသုံးပြုသူက  ဒီဓာတ်ပုံကို အစောဆုံးဖော်ပြခဲ့ရာမှာ အမေရိကန်အလံ လည်း နောက်ခံမှာ မြင်တွေ့ရပါတယ်။  မြန်မာလို “ဒီအပုံလိုက် လိုချင်တယ်”လို့ ဘာသာပြန်ဆိုနိုင်မယ့်  အင်္ဂလိပ်ဘာသာစကားနဲ့ရေးသားပြီး မျှဝေထားတာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Bruce wayneArchive link

ထို့အပြင် ဒေါ်လာအထုပ်လိုက်ပုံတွေဟာလည်း ၂၀၁၂ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါ တယ်။ အောက်ပါလင့်ခ်မှာလေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – Tauviawhitlock  |  Archive link

နောက်ထပ်ဒေါ်လာတွေအထပ်လိုက်ပုံထားတဲ့ ပုံဟာလည်း ၂၀၁၃ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့လျက်ရှိ တာ ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ​ အင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်ကတွေ့ရတဲ့ ရွှေချောင်းနဲ့ ဒေါ်လာတွေအဖြစ်မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:ခြံအမှတ်(၅၄)က ရရှိတဲ့ရွှေချောင်းနဲ့ဒေါ်လာတွေဆိုတဲ့ ဓာတ်ပုံအမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *