
ဒဂုံဆိပ်ကမ်း လျှပ်စစ်ရုံးမှာ ဗုံးပေါက်ကွဲမှုဆိုပြီးဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ မီးခိုးမည်းတွေ လိပ်တက်နေတဲ့ ဓာတ်ပုံမှာ “ဒဂုံမြို့သစ် ဆိပ်ကမ်း EPC ရုံးဗုံးကွဲ (၂၅.၁၁.၂၀၂၁)”လို့လည်းရေးသားထားပါတယ်။
သို့သော် ဓာတ်ပုံဟာ မေလအတွင်း ဆန္ဒပြမှုနဲ့သက်ဆိုင်တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်က ဒဂုံဆိပ်ကမ်း မြို့နယ်လျှပ်စစ်ရုံးမှာ ဗုံးကွဲခဲ့တဲ့သတင်းတွေကို မီဒီယာမှာဖော်ပြထား ဒီနေရာမှာတွေ့ရပါတယ်။
ဒီလိုအခြေအနေမှာ “” ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ EPC ရုံး အနီးရောက်ရှိနေသူများ ချက်ချင်း ရုံးနှင့်ဝေးရာသို့ ထွက်ခွာကြပါရန် “
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
မိမိ မိသားစုဝင်များ ရုံးအနီးရောက်ရှိနေပါက ချက်ချင်းလှမ်းခေါ်ကြပါ။
Source- YangonRevolutionGroup
November <25>
Copy : Crd ”လို့ ရေးသားလျှက် “Ne Kyaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံကို မျှဝေထားရာ ပြန်လည်မျှဝေမှုပေါင်း ၉၀၀ ကျော်ရှိပါတယ်။တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မတ်လအတွင်း စစ်အာဏာသိမ်း ဆန္ဒပြမှုနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
“ရန်ကုန်မြို့နယ် သင်္ဃကျွန်းမြို့နယ်မှာ စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို ဖြိုခွဲပြီးနောက် ရပ်ကွက်များ အတွင်းသို့ သေနတ်နဲ့ပစ်ခတ်ခဲ့ရာ အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ရဲနှင့်စစ်သားတွေဟာ အိမ်တွေသို့ ချိုးဖောက်ဝင်ရောက်ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။(ဓာတ်ပုံ- CJ)”လို့ ရေးသားထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – The Irrawaddy(Eng) | Archive link
မြန်မာနောင်းသတင်းရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။
ဒဂုံဆိပ်ကမ်းလျှပ်စစ်ရုံးဗုံးပေါက်တဲ့ ဓာတ်ပုံအဖြစ်မျှဝေထားတဲ့ ပုံနဲ့ The Irrawaddy(Eng)ကမျှဝေထားတဲ့ဓာတ်ပုံ ကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာမတ်လအတွင်းက သင်္ဃကျွန်းမြို့နယ်မှာ ဆန္ဒပြစဉ်က ဓာတ်ပုံဖြစ်ပါ တယ်။

Title:ဒီဓာတ်ပုံက ရန်ကုန်မြို့ သုဝဏ္ဏမှာ ဆန္ဒပြစဉ်ကဓာတ်ပုံဖြစ်တယ်
Fact Check By: Nayar MaungResult: Misleading