
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာတောတောင်တွေအကြားဖောက်ထားတဲ့ ရင်သပ်ရှူ့မောဖွယ်လမ်းပိုင်းဓာတ်ပုံပါဝင်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဆက်လမ်းအကြောင်းရေးသားထားတဲ့ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းခဲ့ပြီးနောက် ဖေ့စ်ဘွတ်အသုံးပြုတွေအကြားမှာ နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။
တကယ်တော့ ဓာတ်ပုံဟာ တရုတ်ပြည်နယ် ဂျောင်ကျကျ(Zhangjiajie)အမျိုးသားဉယျာဉ်က ဓာတ်ပုံဖြစ်ပါတယ်။
“ရှမ်းတောင်ရှမ်းမြောက်ဆက်တဲ့လမ်း..”လို့စချီလျှက်ဒီပို့စ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီးကနေ မြောက်ပိုင်း နောင်ချိုကို ရပ်စောင်လမ်းကြောကနေသွားလို့ရတဲ့အကြောင်းနဲ့ ဆောင်ရန်၊ရှောင်ရန်လေးတွေကို ခရီးသွားဘူးသူတစ်ဦးက ပြန်လည်မျှဝေမှုပုံစံရေးသားထားပါတယ်။ “Nyar Kae Shin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အခြားသော တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တောင်ကြီး-ရပ်စောက်-နောင်ချိုလမ်းပိုင်းနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ အကြောင်းအရာဟာပါ အချက် အလက်တွေက မှန်ကန်မှုရှိမရှိ Fact Crescendo အနေနဲ့အတည်ပြုနိုင်ခြင်းမရှိပါဘူး။ ဓာတ်ပုံကလွဲပြီး ဒီလမ်းပိုင်းအကြောင်းရေးသားထားတဲ့ထပ်တူညီတဲ့ပို့စ်ကို ၂၀၁၆ ခုနှစ် အစောပိုင်းကတည်း ဖေ့စ်ဘွတ်မှာ တွေ့ရပါတယ်။
လက်ရှိပျံ့နှံ့ခဲ့တဲ့ဓာတ်ပုံကို Google မှာ ဓာတ်ပုံရှာနည်း အသုံးပြုပြီး ပုံဟောင်းတွေကို ရှာဖွေကြည့်ရာမှာ အစောပိုင်းပျံ့နှံ့ခဲ့တဲ့ ရလာဒ်တွေအရ ဒီဓာတ်ပုံ ဟာတရုတ်နိုင်ငံထဲက လမ်းပိုင် တစ်ခုပုံဖြစ်တာတွေ့ရပါတယ်။

“Go Zhangjiajie”အမည်နဲ့ အကောင့်က ဆိုရှယ်မီဒီယာဓာတ်ပုံဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ pinterest မှာ” Go Zhangjiajie @ Go Zhangjiajie မှနောက်ဆုံး တွီများ ဟူနန်မှာ ဆွဲဆောင်မှုအပြည့်နဲ့ UNSCO ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်နေရာနဲ့ ဉဿဖုရားကျောက်တောင်ထွဋ်”လို့ရေးသားပြီး ဓာတ်ပုံကို မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Go Zhangjiajie | Archive link
“9gag.com”အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ဒီဓာတ်ပုံကို ဂျောင်ကျကျ(Zhangjiajie)အမျိုးသားဉယျာဉ်ရဲ့ အဆင်းလမ်းလို့ ရေးသားမျှဝေထားတာ တွေ့ရပါတယ်။
မူရင်းလင်ခ့် – 9gag | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဒီဓာတ်ပုံဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် တရုတ်နိုင်ငံက ဂျောင်ကျကျ (Zhangjiajie)အမျိုးသားဉယျာဉ်ရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ဒီဓာတ်ပုံက ရှမ်းတောင်ရှမ်းမြောက်ဆက်လမ်းပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Missing Context