ခွေးကြောင်းများနှင့် အနီးကပ်နေရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်လား

Coronavirus ကူးစက်ရောဂါ ဆေးဘက်ဆိုင်ရာ၊ | Medical

မတ် ၁၉ ရက်မှာ ကမ္ဘာတစ်လွှာမှာနိုင်ငံပေါင်း ၁၆၆ နိုင်ငံအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံခဲ့ပြီး လူပေါင်း ၂ သိန်းကျော်လောက်ကူးစက်ခံထားရပြီး လူပေါင်း ၉၀၀၀ နီးပါးသေဆုံးခဲ့ရချိန်မှာ ဟောင်ကောင်က ခွေးတစ်ကောင်ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသံသယနဲ့ ဖေဖော်ဝါရီလထဲမှာ သီးသန့်စောင့်ကြပ်ကုသမှု ခံယူမှုပြီးမြောက်ပြီး ၂ ရက်အကြာမှ  သေဆုံးခဲ့ပါတယ်။

ဒီလိုမျိုးအချိန်မှာ “ခွေးကြောင်များနှင့် အနီးကပ်မနေပါနဲ့ COVID/19 ဒီအချိန်ခွေးကြောင်မျောက်တွေနဲ့ ဝေးဝေးနေပါ သင့်တမိသားစုလုံးအတွက် အခုချက်ချင်းသတိပြုပါ”ဆိုပြီး kokomg အမည်နဲ့အကောင့်က လူမှုကွန်ရက်မှာ ပို့စ်တစ်ခုမျှဝေလာပြီး ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

၁။ခွေးတစ်ကောင်ဟောင်ကောင်မှာကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသံသယနဲ့ ဖေဖော်ဝါရီလထဲမှာ သီးသန့်စောင့်ကြပ်ကုသမှု ခံယူမှုပြီး ၂ ရက်အကြာမှာသေဆုံးမှုဖြစ်ခဲ့တယ်လို့ မတ် ၁၆ ရက်က သေဆုံးမှုဖြစ်ခဲ့တဲ့ သတင်းကို South China Morning Post က ဖော်ပြရာမှာ ခွေးသေဆုံးရမှုဟာ အသက်အရွယ်ကြီးရင့်မှုနဲ့ နာမကျန်းဖြစ်တဲ့ အကြောင်းကြောင့် သေဆုံးတာသာဖြစ်ပြိး ကိုရိုနာဗိုင်းရပ်စ် ကြောင့် မဟုတ်ဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေ ကပြောကြားပါတယ်။

LinkArchive link

၂။ဟောင်ကောင်မှာ ခွေးတစ်ကောင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာကလွဲလို့ ခွေး၊ကြောင်နဲ့ အခြားအိမ်မွေးတိရစ္ဆာန်တွေကနေတစ်ဆင့် COVID-19 ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းပြောကြားထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ကူးစက်ခံထားရတဲ့လူက နှာချေ၊ချောင်းဆိုး၊စကားပြောချိန်မှာ ထွက်လာတဲ့ အရည်အစက်ကလေးတွေပျံ့နှံမှုကနေကူးစက်မှုဖြစ်ရတာလို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

LinkArchive link

၃။အမေရိကန်ရောဂါထိန်းချုပ်ရေးဌာနကလည်း အိမ်မွေးတိရစ္ဆာန်တွေနဲ့ တိရစ္ဆာန်တွေကတစ်ဆင့် COVID-19 ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရဘူးလို့ ပြောကြားထားပါတယ်။ သို့သော်လည်း တိရစ္ဆာန်တိုင်းမှာ လူကိုဖျားနာစေတတ်တဲ့ ပိုးမွှားများကို သယ်ဆောင်ထားတာကြောင့် အိမ်မွေးတိရစ္ဆာန်အပါအဝင် တိရစ္ဆာန်တွေကို သန့်သန့်ရှင်းရှင်းထားဖို့လိုတယ်လို့ အကြံပြုထားပါတယ်။

LinkArchive link

သုံးသက်ချက်

အထက်က စိစစ်ချက်တွေအရ ခွေးကြောင်များနှင့် အနီးကပ်မနေပါနဲ့ COVID/19 ဒီအချိန်ခွေးကြောင်မျောက်တွေနဲ့ ဝေးဝေးနေပါဆိုတဲ့ kokomg အမည်နဲ့အကောင့်က ရေးသားချက်ဟာ သတင်းမှားသာဖြစ်ပါတယ်။ 

Avatar

Title:ခွေးကြောင်းများနှင့် အနီးကပ်နေရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်လား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *