ရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင်ပေါ်ထွန်းဆိုတဲ့ သတင်းမှား

False နိုင်ငံရေး၊ လူမှုရေး

ရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင်ပေါ်ထွန်းတယ်ဆိုတဲ့ သတင်းကို လူမှုကွန်ယက်မှာ မျှဝေမှုများပြားခဲ့ပါတယ်။

 “တိုင်းပြည်ပေါကြွယ်တမယ့် နမိတ်ပဲ ရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင် ပေါ်ထွန်းလို့လာပါပြီ………!!!”လို့ Pa Pa Hlaing အမည်နဲ့အကောင့်က “စိတ်အားငယ်တိုင်းဖတ်ဖို့စာစုများ”အမည်နဲ့ ဖေ့စ်ဘွတ်အဖွဲ့ထဲမှာ မျှဝေထားရာမှာ နာရီ ၂၀ အတွင်းမှာ ဖေ့စ်ဘွတ် သုံးစွဲသူ ၂၀၀၀ ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။

ထိုနည်းတူစွာပဲ Thiri Kyaw အမည်နဲ့  အခြားဖေ့စ်ဘွတ်သုံးစွဲသူတစ်ဉီးကလည်း “ဟာသ ဗဟုသုတ သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အဖွဲ့ထဲမှာ မျှဝေထားတာတွေ့ရပါတယ်။

Fb linkFb link
Archive linkArchive link

“ဦးသန်းရွှေလက်ထက် (၂၀၀၁)ခုနှစ်လောက်မှာ ဆင်ဖြူတော် (၃)ကောင်ပေါ်ထွန်းခဲ့ဘူးတယ်၊ ရခိုင်ရိုးမထဲကပေါ့ ၊အခုလည်း သမ္မတကြီး ဦးဝင်းမြင့်ရဲ့ လက်ထက်မှာလည်းရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင် ပေါ်ထွန်းလို့လာပါပြီ၊ဘုန်းကံတွေ မြင့်မားလာလို့ ဆင်ဖြူတော်တွေ ကိုယ်ထင်ပြလာပြီဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်သတင်းစကားပါးလိုက်ရပါသည်ခင်ဗျ”ဆိုပြီးတော့ bestoutside.com ကရေးသားထားပါတယ်။

linkArchive link

အချက်အလက်စိစစ်ချက်

Google မှာပုံကိုပြောင်းပြန်ရှာတဲ့နည်းလမ်းအသုံးပြုပြီး ပုံရှာကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ 

ဒီဆင်ဖြူတော်ပုံလေးတွေဟာ အခြားနိုင်ငံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေက တစ်ဉီးနဲ့တစ်ဉီး ခွဲခွာနေချိန်မှာ ဆင်တွေက ရွာထဲကိုဝင်လာပြီးအစာရှာရာမှာ အစာမတွေ့ဘဲ ပြောင်းဖူးဝိုင်တွေ့ပြီး သောက်မှုးနေတယ်ဆိုပြီးတော့ နိုင်ငံခြားဘာသာနဲ့ သတင်းတစ်ချို့မှာရေးသားထားတွေ့ရပါတယ်။

Link Archive link

ဒီလိုပြောင်းဖူးဝိုင်သောက်ပြီး ဆင် ၂ ကောင်လဲနေတဲ့ အချက်ဟာလည်း မမှန်ကြောင်းကို fox43 က အချက်အလက်စိစစ်ထားပါတယ်။ ဆင်နှစ်ကောင် အိပ်နေတဲ့ ပုံနဲ့ ဆင် ၁၄ ကောင်ပါတဲ့ ပုံဟာ တစ်နေရာစီမှာ ရိုက်ထားတာလို့လည်း ဒီအချက်အလက်စိစစ်ချက်မှာဖော်ပြပါတယ်။ 

Link Archive link

Indiatoday သတင်းဌာနကလည်း အချက်အလက်စိစစ်မှုလုပ်ထားတာတွေ့ရပါတယ်။ ယူနန်ပြည်နယ်အာဏာပိုင ်တွေက ဆင် နှစ်ကောင်ဟာပြောင်းဘူးဝိုင်သောက်ပြီးမူးနေတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆိုးထားကြောင်း သတင်းမှာဖော်ပြပါတယ်။

Link Archive link

ဆင် ၁၄ ကောင်ပါတဲ့ ပုံဟာ တရုတ်နိုင်ငံ ယူနန်မှာရှိတဲ့ Asian Elephant Research Center အကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲမှာ သတင်းရေးသားရာမှာ သုံးထားတဲ့ ပုံဖြစ်တာတွေ့ရပါတယ်။

Link Archive link

သုံးသပ်ချက်

အထက်က အချက်အလက်တွေအရ Pa Pa Hlaing နဲ့ Thiri Kyaw အမည်နဲ့အကောင့်တွေက မျှာဝေထားတဲ့ “ရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင် ပေါ်ထွန်းလို့လာပါပြီ”ဆိုတဲ့သတင်းဟာ သတင်းမှားတစ်ခုဖြစ်ပါတယ်။

ဆင်ဖြူတော် ၁၄ ကောင်နဲ့ အခြားအိပ်နေတဲ့ ဆင် ၂ ကောင်သတင်းဟာ အခြားနိုင်ငံတွေမှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်ပြီး ဆင်အုပ်စုရွာထဲဝင်ပြီး ပြောင်းဖူးဝိုင်သောက်ပြီး လဲနေတယ်ဆိုပြီးတော့ သတင်းမှားတွေ ပျံ့နှံ့ခဲ့ပါတယ်။

Avatar

Title:ရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင်ပေါ်ထွန်းဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *