Fact Check: နွေဦးတော်လှန်ရေးမှ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်ဆိုတဲ့ သတင်းတုသတင်းမှား

False နိုင်ငံရေး | Politics

နွေဦးတော်လှန်ရေးမှာ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်လို့ ဒေါက်တာဇော်ဝေစိုးပြော တယ်ဆိုပြီး”NUG CRPH PDF CDM Support”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေလျက်ရှိပါတယ်။

သို့သော် ဒီသတင်းဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။

“နွေဦးတော်လှန်ရေးတွင်မပါသော AAအပါ အဝင် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ကို ဥပဒေနဲ့အညီအရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုး ပြောကြား။

နွေဦးတော်လှန်ရေးမှာမပါတဲ့ရခိုင့်တပ်မတော်အပါအဝင်လက်နက်ကိုင်အဖွဲ့၅ဖွဲ့ကိုဥပဒေနဲ့အရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုးက Video Call ကနေတဆင့်ပြောကြားခဲ့သည်။

ဒေါက်တာဇော်ဝေစိုးကိုဆက်သွယ်မေးမြန်းရာတွင်

ဒေါက်တာဇော်ဝေစိုးက ‘အခုနွေဦးတော်လှန်ရေးမှာမပါတဲ့AAနဲ့တခြားအဖွဲ့ ၅ ဖွဲ့ အားလုံးပေါင်း ၆ ဖွဲ့ကို ကျွန်တော်တို့ ဥပဒေနဲ့အညီ အရေးယူပြီးသွားတာနဲ့ လက်နက်ဖျက်သိမ်းခိုင်းမှာပါ၊ လက်နက်မဖျက်သိမ်းရင်တော့ နိုင်ငံတော်ပုန်ကန်မှုနဲ့သူတို့တွေကို တရားစွဲပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးသွားမှာပါ’ဟု ဆိုခဲ့သည်။

လက်ရှိအချိန်တွင် NUGဦးဆောင်သောPDFတပ်ဖွဲ့ဝင်များသည်အရေအတွက်အားဖြင့်၅သိန်းခန့်ရှိကာမြန်မာ့တပ်မတော်ပြီးလျှင်လက်နက်အင်အားအတောင့်တင်းဆုံးအဖွဲ့ဖြစ်ပြီးနိုင်ငံတကာအသိမှတ်ပြုသောတစ်ခုထဲသောမြန်မာနိုင်ငံရှိအစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့စည်းဖြစ်သည်။

#voiceofchina_myanmar

Mar 26,2022”လို့ ရေးသားပြီး “NUG CRPH PDF CDM Support”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မတ် ၂၆ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။ 

C:\Users\Mi\Downloads\Screenshot 2022-03-30 at 17-15-16 NUG CRPH PDF CDM Support – Posts Facebook.png

မူရင်းလင်ခ့် – Fb linkArchive link 

အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

“Voice of China” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ၂၀၂၁ ခုနှစ် အောက်တိုဘာကတည်းက တူညီစွာရေးသား မျှဝေခဲ့တာလည်းတွေ့ရပါတယ်။

C:\Users\Mi\Downloads\Screenshot 2022-03-30 at 18-26-09 #voiceofchina_myanmar - Explore.png

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ပထမဆုံး “NUG CRPH PDF CDM Support”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကို Fact Crescendo က လေ့လာ ကြည့်ပါတယ်။ ဒီစာမျက်နှာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့အမှတ်လက္ခဏာဖြစ်တဲ့ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ မန်းဝင်းခိုင်သန်းနဲ့ ယာယီသမ္မတ ဒူးဝါးလရှီလတို့ရဲ့ ဓာတ်ပုံကို အသုံးပြုထားသလို ပရိုဖိုင်းဓာတ်ပုံနေရာမှာလည်း NUG အစိုးရအဖွဲ့ဝင် လူကြီးတွေရဲ့ ဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ သို့သော်လည်း NUG ဝန်ကြီးတစ်ပါးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးအကြောင်းရေးသားတဲ့ ယခုပို့စ်မှာ အကြမ်းဖက် ခေါင်းဆောင်လို့သုံးနှုန်းရေးသားထားပါတယ်။ ဒီလို NUG ကိုအကြမ်းဖက်ဆိုတဲ့ အသုံးအနှုန်းဟာ စစ်တပ် ကဝါဒဖြန့်ချိရေးသားရာမှာအသုံးပြုတဲ့ အသုံးအနှုန်းဖြစ်တာတွေ့ရပါတယ်။ ဒါကြောင့် ဒီစာမျက်နှာဟာ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့်ချိရေးအတွက်အသုံးပြုတဲ့ အယောင်အဆောင်စာမျက်နှာတစ်ခု ဖြစ်တာတွေ့ရပါတယ်။

မကြာခင်ရက်ပိုင်းကပဲ NUG  အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ပါဖြစ်တဲ့ ဒေါ်ဇင်မာအောင်က AA နဲ့ မိတ်ဖက်ဖြစ်လို ကြောင်း အိတ်ဖွင့်စာနဲ့ဖိတ်ခေါ်အသိပေးခဲ့တာတွေ့ရပါတယ်။

ထို့အပြင် ဒီပျံ့နှံ့နေတဲ့ပို့စ်ဟာ သတင်းမှားဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုးက မဇ္ဈိမသတင်းဌာနကို အတည်ပြုထားတာတွေ့ရပါတယ်။

C:\Users\Mi\Downloads\Screenshot 2022-03-30 at 18-51-59 #voiceofchina_myanmar - Explore.png

မူရင်းလင်ခ့် – Mizzima – News in BurmeseArchive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ နွေဦးတော်လှန်ရေးမှာ မပါတဲ့ AA အပါအဝင်လက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ် လို့ ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုတဲ့ ပို့စ်ဟာ သတင်းတုသတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: နွေဦးတော်လှန်ရေးမှ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်ဆိုတဲ့ သတင်းတုသတင်းမှား

Fact Check By: Nayar Maung 

Result: False