
လစဉ်လဆန်း ၁ ရက်မှာ ထီဖွင့်တိုင်း အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ် သိန်း ၁၅၀၀၀ ဆုကို ဘယ်တိုင်း ဒေသကြီးကပေါက်သလဲ၊ ဘယ်သူပေါက်သလဲဆိုတာဟာ စိတ်ဝင်စားစရာခေါင်းစဉ်တစ်ခုပါ။
ဒီလိုအခြေအနေမှာ “(၁၄) ကြိမ်မြောက် ထီ သိန်းတစ်သောင်း ခွဲ ကံထူးရှင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှ မလဲ့လဲ့မိုး သိန်း ၁၅၀၀၀ ဆု (ဗ ၄၉၄၅၇၈) ဖြင့် ထိုက်တန်စွာ ဆွတ်ခူးပေးလိုက်ပါပြီ… ထပ်တူ ဝမ်းသာမိပါသည်။ Credit… Linn Latt Thway”ဆိုပြီး ပုံစံတူပို့စ်တွေ လူမှုကွန်ယက်စာမျက်နှာအမြောက်အများက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဒီကနေ့ ဧပြီ(၁)ရက်နေ့မှာ ထွက်ရှိတဲ့ (၁၄)ကြိမ်မြောက် အောင်ဘာလေထီဆုကြီးရဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို တာမွေမြို့နယ်မှာ နေထိုင်တဲ့ အသက်(၇၀)အရွယ် ဒေါ်စန်းစန်းမြင့်က ဆွတ်ခူးခဲ့တယ်လို့ Duwun သတင်းဌာနက ရေးသားပါတယ်။ ကံထူးခဲ့တဲ့ အဘွားနဲ့သူ့သားဟာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေး မြန်မာ့ ဂုဏ်ရည်လမ်း၊ ၉၄လမ်းထိပ် မှာရှိတဲ့ ပြည့်ဖြိုးအောင်ထီဆိုင်ကနေ (၂)စောင်တွဲ ကံစမ်းခဲ့ရာ ဗ ၄၉၄၅၇၈ နံပါတ်နဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကြီးကို ကံထူးခဲ့တာ ဖြစ်ပါတယ်။ DVB နဲ့ Duwun သိန်း ၁၅၀၀၀ ကံထူးရှင်းသတင်းကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။


၁၄ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ ထီဆုစာရင်းကို ပြည်တွင်းအခွန်များဉီးစီးဌာနက ထုတ်ပြန်ထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါ အချက်အလက်တွေအရ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံမှုအားကောင်းခဲ့တဲ့ “(၁၄) ကြိမ်မြောက် ထီ သိန်းတစ်သောင်း ခွဲ ကံထူးရှင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှ မလဲ့လဲ့မိုး သိန်း ၁၅၀၀၀ ဆု”ဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။ ကျပ်သိန်း ၁၅၀၀၀ ထီပေါက်ခဲ့တဲ့ နံပါတ်ဟာ ဗ ၄၉၄၅၇၈ ဖြစ်ပါတယ်။

Title:(၁၄) ကြိမ်မြောက် ထီ သိန်းတစ်သောင်းခွဲ ကံထူးရှင်ကိုလွဲမှားဖော်ပြနေ
Fact Check By: Nayar MaungResult: False