
City Mart ၂၆ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဇူလိုင် ၃ ရက်နေ့ မတိုင်မီဒီပို့စ်ကို မျှဝေတဲ့လူတိုင်းကို အထူးလက်ဆောင်အိတ်တစ်ခုပို့ပေးမယ်ဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ City Mart ရဲ့အမှတ်တံဆိပ်တွေကို အသုံးပြုလျှက်လုပ်ဆောင်ထားတဲ့ အတုအယောင်စာမျက်နှာတစ်ခုဖြစ်ပြီး City Mart ရဲ့ တရားဝင်စာမျက်နှာကလည်း ၎င်းတို့နဲ့မဆက်ဆိုင်ကြောင်းကြေညာထားပါတယ်။
အောက်ပါ screenshot ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။
“*@City mart ၏ 26 နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဇူလိုင်လ 3 ရက်နေ့ မတိုင်မီ မျှဝေပြီး “ပြီးပါပြီ” ဟုရိုက်ထည့်သူတိုင်းအတွက် အထူးလက်ဆောင်အိတ်တစ်ခု ပေးပို့လိုက်ပါသည်။*”စသည်ဖြင့် ရေးသားပြီး “City Mart Fans”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လက်ဆောင်ခြင်းတွေ၊ဈေးဝယ်နေတဲ့ ဓာတ်ပုံတွေနဲ့အတူ မျှဝေထားရာမှာ တစ်ရက်အတွင်း ဒီပို့စ်ကိုပြန်လည်မျှဝေမှုပေါင်း ၁ သောင်း ၃ ထောင်ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
City Mart Supermarket ရဲ့ တရားဝင်စာမျက်နှာမှာ အခုပျံ့နှံ့လျက်ရှိတဲ့ ဆုမဲများပေးအပ်နေသော သတင်းနဲ့ ကြော်ငြာတွေဟာ City Mart Supermarket အမှတ်တံဆိပ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားခြင်းဖြစ်ပြီး City Mart Supermarket နဲ့ CMHL လုပ်ငန်းစုနဲ့ လုံးဝသက်ဆိုင်မှုမရှိဘူးလို့ ဇွန် ၂၈ ရက်ကတည်းက ထုတ်ပြန်ကြေညာထားပါတယ်။

မူရင်းလင်ခ့် – City Mart Supermarket Myanmar | Archive link
သုံးသပ်ချက်
ပျံ့နှံ့လျက်ရှိတဲ့ City Mart Fan စာမျက်နှာအပါအဝင် ၂၆ နှစ်ပြည့် အထိမ်းအမှတ်အနေ လက်ဆောင်ပေးမယ် ဆိုတဲ့ ပို့စ်တွေဟာ ပုံမှားရိုက်ပြီး လူတွေကို လှည့်စားလိမ်ညာဖို့ အတွက်ဆောင်ရွက်နေခြင်းဖြစ်တာတွေ့ရပါ တယ်။

Title:Fact Check: လက်ဆောင်ပေးမယ်ဆိုပြီး City Mart တံဆိပ်နဲ့ လိမ်လည်လှည့်စားဖို့ လုပ်ဆောင်ထားတဲ့ စာမျက်နှာ
Fact Check By: Zun ZeeResult: False