Fact Check: ရဟတ်ယာဉ် ၃ စီးကို KNU နဲ့ KIO ကပစ်ချလိုက်ပြီဆိုတဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

ရဟတ်ယာဉ် ၃ စီးကို KNU နဲ့ KIA ကပစ်ချလိုက်ပြီလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။

“Ly La” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၁၆ ရက်မှာ “ပစ်ချခံရ။မသာပေါ်ကုန်ပီ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail စာသား မှာလည်း“၁၆ ရက်နေ့ ရဟတ်ယာဉ် (၃) စီး KNU နဲ့ KIO ပစ်ချလိုက်ပြီ”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ယနေ့ လေယာဉ်နဲ့ KNU ထိန်းချုပ်နယ်မြေမှာတိုက်ခိုက်ခံရပြီး လူတွေထိခိုက်သေဆုံးခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်မှာစိတ်ဝင်စားမှုရရှိနေတဲ့သတင်းဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုထဲကအသံဖိုင်ပါအကြောင်း အရာ ယနေ့ရေပန်းစားခဲ့တဲ့ ဘုရားသုံးဆူမြို့နားက သတ္တုမိုင်းလုပ်ကွက်ကို စစ်တပ်က တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုသတင်းသာဖြစ်ပါတယ်။ Khit Thit Media ရဲ့ “ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူမြို့ရှိ  သတ္တုမိုင်းလုပ်ကွက်ကို စစ်တပ်က တိုက်လေယာဉ် ဖြင့်  ဗုံးကျဲချမှု  တရုတ်နိုင်ငံသားများအပါအဝင် ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ”ဆိုတဲ့သတင်းကို ဒီမှာကြည့်ပါ။ 

RFA ရဲ့ ဒီသတင်းမှာလည်းတွေ့ရပါတယ်။

အခြားသော ဒီဗွီဒီယိုပါအကြောင်းအရာဟာလည်း ယနေ့ Khit Thit Media မှာဖော်ပြခဲ့တဲ့ “ဝန်ကြီးဌာန ရာထူးတိုး လူတွေ့ ရေးဖြေ စာမေးပွဲများတွင် NLD မကောင်းကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများ အကြောင်းကိုသာ  စစ်ကောင်စီက အဓိကထား စစ်ဆေး”၊ “လောင်းလုံးနှင့်ထားဝယ်တွင် ပျူစောထီးနှင့် စစ်တပ်သတင်းပေးဟု နာမည်ထွက်သူ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ မူယစ်ဆေးဝါးရောင်းသူ ၂ ဦးကို လက်နက်များနှင့်အတူ PDF က ဖမ်းဆီး”စတဲ့သတင်းတွေကို ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။

သုံးသပ်ချက်

KNU ထိန်းချုပ်နယ်မြေမှာတိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရတဲ့ သတင်းဟာ လူတွေအကြားစိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဒီလိုအခြေအနေမှာ ထပ်မံစိတ်ဝင်စားမှု ကိုမြှင့်တင်တဲ့အနေနဲ့ ရဟတ်ယာဉ်တွေကို KNU နဲ့ KIO ကပစ်ချလိုက်တယ်ဆိုပြီးတော့ လိုအပ်သလိုရေးသားပြီး သတင်းမှားကို ဖြန့်ချိလာတာဖြစ်ပါတယ်။

Avatar

Title:Fact Check: ရဟတ်ယာဉ် ၃ စီးကို KNU နဲ့ KIO ကပစ်ချလိုက်ပြီဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: Misleading