Fact Check: R2P အရ ကုလတပ် တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်ဆိုတဲ့ သတင်းတုသတင်းမှား

False နိုင်ငံရေး | Politics

R2P အစီအစဉ်အရ ကုလသမဂ္ဂ(United Nations-UN) တပ်တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။

“R2p UNတပ် 1သောင်း မြန်မာပြည်ရောက်လာမည်။ အသိပေးကြေညာချက်ထုတ်ပြီ။”လို့ ရေးသားပြီး “Zoul-168” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း  ၁၀၀၀ ကျော်ရှိပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

အထက်ပါ Screenshot ကိုကြည့်မယ်ဆိုရင် ဒေါက်တာဇော်ဝေစိုးရဲ့ ဓာတ်ပုံနဲ့အတူ နိုင်ငံသားတွေကို အကာအကွယ်ပေးရန်တာဝန်ရှိမှု(Responsibility to Protect- R2P)အစီအစဉ်အရ UN တပ်တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်လို့ ကြေညာတယ်လို့ဆိုထားပေမဲ့ ၈ မိနစ်ကျော်ရှည်တဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းတစ်စုံတရာ မပါဝင်ပါဘူး။ ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ခြင်းလည်းမရှိပါဘူး။ အခြားသော သတင်းလုပ်ငန်းအဓိကလုပ်ကိုင်ပြီး ယုံကြည်ရလောက်တဲ့ သတင်းဌာနတွေမှာလည်း R2P အစီအစဉ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာဖော်ပြချက်မတွေ့ရပါဘူး။

ဗွီဒီယိုင်မှာပါတဲ့အကြောင်းအရာဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ စစ်တပ်အာဏာမသိမ်းခင် မဲရလာဒ်ကို စစ်တပ်က ကန့်ကွက်နေစဉ်မှာ နိုင်ငံရေးလေ့လာသူတစ်ချို့က သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ပြောခဲ့ရာမှာ လူ ၂၇ သန်းလောက်မဲပေးခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်ကို အဓိကမထား၊ ဉပဒေမပါတဲ့ အစိုးရက ခေါင်းမာနေလို့မဖြစ်ဘဲ UEC ကလည်း မှန်တယ်ဆိုရင် မဲစားရင်းတွေကို ပြလိုက်ဖို့ဆိုပြီး အာဏာမသိမ်းအောင် တိုက်တွန်းခဲ့တဲ့ နိုင်ငံရေးပရောဟိတ်ဆိုသူတွေက နှပ်ကြောင်းပေးမှုတွေမှုအကြောင်းတွေ၊ စစ်တပ်တောင်းဆိုတာကို လိုက်လျော့ဖို့ နားချခဲ့ကြတဲ့ ပညာရှင်ဆိုသူတွေကို တောင်းဆိုလာချိန်မှာ စစ်ခေါင်းဆောင်က သူ့ရဲ့ လက်ရှိအဆင့်အတန်းဟာ ဒုတိယသမ္မတလောက်ရှိကြောင်းနဲ့ တပ်ချုပ်ကနေ ပင်စင်ယူ သို့မဟုတ် နိုင်ငံရေးရာထူးယူမယ်ဆိုရင် သမ္မတ ရာထူးမရလို့ စစ်အာဏာသိမ်းခဲ့တာပေါ်လွင်တဲ့အကြောင်းစတဲ့ပြောဆိုချက်တွေပါဝင်တဲ့ အတွေးအမြင်ကို ဖတ်ကြားနေခြင်းဖြစ်တာ တွေ့ရပါတယ်။

သုံးသပ်ချက်

စစ်တပ်ခေါင်းဆောင်ရဲ့ တပ်ချုပ်ရာထူးက အနားယူရမယ်ဆိုရင် သမ္မတလုပ်ရမှဆိုတဲ့ အတ္တအကြောင်းပြု အာဏာသိမ်းခဲ့တဲ့အကြောင်းအတွေးအမြင်ဆောင်းပါးတစ်ခုကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုတစ်ခုလုံး ကုလသမဂ္ဂက R2P အစီအစဉ်အရ မြန်မာနိုင်ငံကို တပ်အင်အား တစ်သောင်းပို့မယ်လို့ဆိုထားပေမဲ့ ဒီအကြောင်း တစ်စုံတရာမပါဝင်ပါဘူး။ UN က မြန်မာနိုင်ငံကို တပ် တစ်သောင်းပို့မယ်ဆိုတဲ့ ဆုံးဖြတ်ချက် သို့မဟုတ် အထောက်အထားလည်းမရှိပါဘူး။

Avatar

Title:Fact Check: R2P အရ ကုလတပ် တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်ဆိုတဲ့ သတင်းတုသတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *