Fact Check: အောင်ဆန်းစုကြည်ကွယ်လွန် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်သေတာကို ပြည်သူတွေ ဆူကုန်မှာစိုးလို့ စစ်တပ်ကထုတ်မပြောခဲ့ပေမဲ့ Khit Thit သတင်းဌာနက ည ၆ နာရီ မှာ သဂြိုလ်လိုက်တယ်လို့ပြောမှသိရတယ်လို့ဆို ဗွီဒီယို သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်းတုဖြန့်ချိမှုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သူမကိုထောက်ခံသူတွေက အမေစု၊ အမေလို့ တင်စားခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ဆိုပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာလည်း  သတင်းအတုတွေ ပျံနှံခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထပ်မံဖြန့်ဝေလာတာဖြစ်ပါတယ်။

“ပြည်သူဆူကုန်မှာစိုးလို့အမေသေတာအခုမှသိရတယ် ၆နာရီတိတိမှာသဂြိုလ်လိုက်ပြီတဲ့။”လို့ရေးသားပြီး“B BO”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထား ပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေရာမှာ ၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ 

 ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနက ဒီဇင်ဘာ ၁၅ ရက်က ဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ခမရ ၄၀၅ တပ်၌ တပ်တွင်း ပုန်ကန်မှုဖြစ်ပွား၊ တပ်အချင်းချင်း ပြန်ဝိုင်းပြီး တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ် အပါအဝင် အကြီးတန်း အရာရှိ ၃ ဦးကို စစ်တပ်က ဖမ်းဆီး” ဆိုတဲ့ သတင်းတစ်ပုဒ်ကို အစအဆုံး ဖတ်ပြနေတာ တွေ့ရပါတယ်။ ဧရာဝတီတိုင်း သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကို အောက်မှာ ကြည့်ပါ။

မူရင်းလင်ခ့် – Ayeyarwaddy TimesArchive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်တယ် ဆိုတာမဟုတ်ပါဘူး။ ဧရာဝတီ တိုင်းမ်သတင်းဌာနက ဖော်ပြခဲ့တဲ့ ကရင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ တပ်ခွဲတစ်ခုက တပ်တွင်းပုန်ကန်မှု သတင်းကို သတင်းခေါင်းစဉ်တုတပ်ပြီး  လူအများ စိတ်ဝင်စားမှု ရရှိအောင် ‌တင်ပြထားတဲ့ ဗွီဒီယိုတစ်ခု သာဖြစ်ပါတယ်။

Avatar

Title:Fact Check: အောင်ဆန်းစုကြည်ကွယ်လွန် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *