Fact Check: အာဖဂနစ္စတန်မှာ ရဟတ်ယာဉ်ပျက်ကျမှုကို KNU က ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ပုံဆိုတဲ့ သတင်းမှား

Misleading လူမှုရေး

စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်ပျက်ကျမှု ဓာတ်ပုံ ၂ ပုံနှင့်တကွ ကရင်အမျိုးသားအစည်းအရုံး(KNU)က ရဟတ် ယာဉ်တစ်စီးကိုပစ်ချလိုက်တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ဂဏန်းက ပြန်လည်မျှဝေနေပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးအပါအဝင် ၉ ဦးဖမ်းဆီးရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

သို့သော်လည်း သတင်းဟာ မှားယွင်းပြီး ဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာက အာဖဂနစ္စတန်မှာ ရဟတ် ယာဉ်တစ်စီးပျက်ကျစဉ်က ဓာတ်ပုံတွေဖြစ်ပါတယ်။

“သတင်းမှန်👏👏

KNU တပ်မဟာ ၅ နယ်မြေအားစစ်ကောင်စီ အကြမ်ဖက်သူပုန်မှ ရဟတ်ယာဉ် ဖြင့်တိုက်ခိုက်ရာKNU မှ ပြန်လည်ပစ်ခတ်ရာမှလေယာဉ် ပျက်ကျ ထပ်မံ၍ 

လေယာဉ်မှူးအပါဝင် ၉ ဦးဖမ်းဆီးရမိ”လို့ရေးသားပြီး “Khin Hnin Se Nyo”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁၂ နာရီအတွင်း ပြန်လည်မျှဝေမှု ၂ ထောင် ၅ ရာကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link |  Archive link 

KNU တပ်မဟာ ၅ နယ်မြေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ သို့သော်လည်း ရဟတ်ယာဉ်ပျက်ကျတဲ့ သတင်းမျိုး အဓိကကျတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက် မတွေ့ရပါဘူး။ 

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာ ပုံပြန်ပြောင်းရှာနည်းအသုံးပြုပြီးရှာဖွေကြည့်ရာမှာ ရဟတ်ယာဉ်ပျက်ကျမှုပုံကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ က တည်းက အင်တာနက်မှာတွေ့ရပါတယ်။

နန်ဂါဟာ(Nangarhar)ခရိုင်မှာ အာဖဂနစ္စတန်စစ်တပ်က Mi-17V-5 ရဟတ်ယာဉ်ဟာ ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ခဲ့တယ်လို့ Sukhoi Su-57 Felon အမည်နဲ့ တွစ်တာအသုံးပြုသူက မျှဝေထားတာအောက်ပါ အတိုင်းတွေ့ရပါတယ်။ အာဖဂန် သတင်းအချက်အလက်ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်တဲ့ Reporterly ရဲ့ တွစ်တာအကောင့်က ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ဒီဓာတ်ပုံကို မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Sukhoi Su-57 Felon |  Archive link

အခြားသောဓာတ်ပုံတစ်ပုံဖြစ်တဲ့ ရဟတ်ယာဉ်တစ်စီး တောင်ထိပ်တစ်ခု ကနေ ပျံတက်နေတဲ့ပုံဟာ ပြင်သစ် လေတပ်က AS532 Cougar ရဟတ်ယာဉ်တစ်စီးဖြစ်ပြီး ဒီလင့်ခ်မှာကြည့်ရှူ့ နိုင် ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ KNU က ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်အဖြစ်ဖော်ပြနေတဲ့ပုံဟာ အာဖဂနစ္စတန် နိုင်ငံမှာ စစ်တပ် ရဟတ်ယာဉ်ပျက်ကျမှုပုံတွေဖြစ်ပါတယ်။ KNU က လေယာဉ်ပစ်ချခဲ့တယ်ဆိုတဲ့ အထောက်အ ထားမျိုးလည်း မတွေ့ရပါဘူး။

Avatar

Title:အာဖဂနစ္စတန်မှာ ရဟတ်ယာဉ်ပျက်ကျမှုကို KNU က ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ပုံဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *