Archives

Fact Check:  အချက်အလက်အတုအယောင်တွေနဲ့ နာရီကြော်ငြာ

မြန်မာနိုင်ငံ၏ အကြီးဆုံး ဈေးဝယ်စင်တာထဲမှာ လူထောင်ပေါင်းများစွာ မူးမေ့လဲတဲ့အထိ ဂျပန်နာရီ Cihitizen ကို ဝယ်ဖို့စောင့်ဆိုင်းခဲ့ကြတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ အတုအယောင်ရေးသားချက်တွေနဲ့ နာရီအရောင်းကြော်ငြာချက်ဖြစ်တာတွေ့ရပါတယ်။ အောက်ပါပို့စ်ကတော့ ဒီလိုကြော်ငြာထားတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်း မရှိသလို မူလဓာတ်ပုံတွေကို ပြုပြင်ပြောင်းလဲထားတာတွေ့ရပါတယ်။  ပထမဆုံး ဈေးဝယ်စင်တာတစ်ခုထဲမှာ လူတွေ တန်းစီနေတဲ့ ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံက ဖြစ်တာ တွေ့ရပါတယ်။ ရတနာရောင်းဝယ်ရေးလုပ်ငန်းစု Pandora ရဲ့ ၁၅ ခုမြောက်ဆိုင်ခွဲ ဟန်နွိုင်းမြို့မှာ ဖွင့်လှစ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ မူရင်းလင်ခ့် – VNExpress |  […]

Continue Reading

Fact Check: NUG နဲ့ PDF လုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံဘူး လို့ပြောတဲ့ သတင်းတု

့ PDF နဲ့ NUG ကိုမထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပြောလိုက်ပြီးဖြစ်လို့ PDF တွေ အိမ်ပြန်ကြပါဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ဒေါ်စု အဲန်ယူးဂျီ နှင့် ဖီဒီအက်ဖ် လုပ်ရပ်ကို ထောက်မခံကြောင့် ပြောပြီ”စသည်ဖြင့်ရေးသားထားပြီး ဗွီဒီယိုထဲမှာတော့ “ ယနေ့ ဒေါ်စု PDF နဲ့ NUG လုပ်ရပ်ကို ထောက်မခံကြောင်း ပြောလိုက်ပြီ PDF များ အိမ်ပြန်သွားပါဟု”စသည်ဖြင့်ပါဝင်ပြီး “Sabay Kh”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ စစ်တပ်ထောက်ခံတဲ့ လူတစ်ဦးက […]

Continue Reading

Fact Check: တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာဆိုတဲ့သတင်းမှား

တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာလိုက်လို့ မြို့နယ် ၅ ခုမှာ အောင်ပွဲခံကြတယ် ဆိုတဲ့သတင်းမှားဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “အမေရိကန်နဲ့ NUG အရေးပေါ်ကြေညာ”စသည်ဖြင့်ရေးသားထားသလို “တော်လှန်ရေးကာလပြီးဆုံးပြီဟု ယာယီသမ္မတအရေးပေါ်ကြေညာ မြို့နယ် ၅ ခုမှာ အောင်ပွဲခံပြီ ““The Mercerneries ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ NUG ယာယီသမ္မတနဲ့ EU ကိုယ်စားလှယ်တို့ အွန်လိုင်းတဆင့် ဆွေးနွေးမှုနဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အမေရိကန်နဲ့ NUG ပူးတွဲကြေညာချက်မတွေ့ရသလို ဒီလို EU ကိုယ်စားလှယ်နဲ့ဆွေးနွေးမှုဟာ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ […]

Continue Reading

Fact Check: KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးဆိုတဲ့ သတင်းမှား

KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရ၊ပွဲချင်းပြီး မသာပေါ်” စသည်ဖြင့်ရေးသားပြီး “Appreciate news”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ရဲ့ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့ စီးနင်းလိုက်ပါလာတဲ့ ကားမိုင်းဆွဲခံရတယ်ဆိုတဲ့ သတင်းမှားဟာ ဖေ့စ်ဘွတ်မှာ ပျံံနှံ့မှုအားကောင်းခဲ့ပြီးနောက် အခုလို KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့မိုင်းဆွဲခံရပြီးသေဆုံးဆိုပြီးထပ်မံဖြန့် ဝေလာတာပါ။ ဧရာဝတီသတင်းဌာနက KNU ဥက္ကဌနဲ့ […]

Continue Reading

Fact Check:  တနင်္သာရီမှာ PDF တွေမိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၉၀၀ သေဆုံးတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

မတ် ၁၁ ရက်က တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉၀၀ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့ခဲ့တာဟာ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ တကယ်တော့ မူရင်းက သတင်းဖော်ပြချက် စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး၊ ၂၀ ဦးဒဏ်ရာရသတင်းကို အရေအတွက်ချဲ့ကား ထားခြးဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ပို့စ်မှာ  အောက်ပါအတိုင်းဖြစ်ပါတယ်။  “တနင်္သာရီမှာစစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉၀၀ ဦးသေဆုံး  မတ် ၁၁  တနင်္သာရီမြို့နယ်က စစ်ကောင်စီယာဥ်တန်း မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။  မြိတ်မြို့ဘက်ကနေ စစ်ကားကြီးတစ်စီးအပါအဝင် စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကား ၃၀ စီးပါယာဥ်တန်း ပြည်ထောင်စုလမ်းအတိုင်းဆင်းလာချိန် မနက် ၁၀ နာရီလောက်မှာ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီးမှာတိုက်ခိုက်ခံရတာပါ။  တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်က ၉၀၀ ဦးသေဆုံးပြီး ၂၀၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  မိုင်းဆွဲခံရပြီးနောက်စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့ပေမယ့် pdf […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းမှား ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ မိုးကောင်းမှာ ဗိုလ်ကြီးတစ်ယောက် PDF ရဲ့ ပစ်ခတ်ခံရပြီး သေဆုံးမှုသတင်း ကို လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစုနာရေးသတင်းစစ်တပ်ထုတ်ပြန်။သေချာလားစုံစမ်းနေဆဲပါ”လို့ ရေးသားပြီး “Was was” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေခဲ့တာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာလည်း “ဒေါ်စုသေပြီဟု စစ်တပ်ဘက်ကထုတ်ပြန် တကယ်လားစုံစမ်းနေဆဲပါ”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၈၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ချိရာမှာ ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်လို့ ရေးသားထားပေမဲ့ ဒီလိုမျိုးသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မတွေ့ရသလို စစ်တပ်ထိန်းချူပ်ထားတဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မတွေ့ရပါဘူး။  ထို့အပြင် ဗွီဒီယိုကိုလေ့လာရာမှာ […]

Continue Reading

Fact Check: အတုအယောင်နဲ့ အချက်အလက်မှားများအသုံးပြုပြီး ကြော်ငြာနေတဲ့ မျက်စဉ်းဆေး

မြန်မာကျောင်းသားတီထွင်တဲ့ မျက်စဉ်းဆေးက ခွဲစိတ်စရာမလိုဘဲ အမြင်အာရုံပြန်ရတယ်လို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေရဲ့အကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံလိုင်းက သတင်းကြေညာသူ ဓာတ်ပုံနဲ့အတူ ခွဲစိတ်စရာမလိုဘဲ အမြင်အာရုံပြန်ရစေတဲ့ နည်းလမ်းအသစ်ကို ကျောင်းသားလေးက တီထွင်လိုက်ပြီလို့ရေးသားမျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီမျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါ လင့်ခ်ကို ဖွင့်ကြည့်ရာမှာတော့ Crystalix အမည်နဲ့ မျက်စဉ်းဆေးကို မြန်မာ ထူးချွန်ကျောင်းသား ခိုင်ဝေက တီထွင်ခဲ့တာဖြစ်ပြီး ဒီမျက်စဉ်းဆေးကို အသုံးပြုပေးရုံနဲ့ အမြင်အာရုံကို ပြန်ရစေတယ်လို့ဆိုထားပြီး တီထွင်သူ မြန်မာကျောင်းသားဆိုသူရဲ့ ဓာတ်ပုံကိုလည်း ဖော်ပြထားပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။မသက်ဆိုင်တဲ့ ဓာတ်ပုံကို အသုံးပြုထားသလို မျက်စဉ်းဆေးခပ်ရုံနဲ့ အမြင်အာရုံပြန်ရတယ်ဆိုတာလည်း မှန်ကန်ခြင်းမရှိပါဘူး။ မူရင်းလင်ခ့် – Web link |  Archive […]

Continue Reading

Fact Check: တရုတ်ကကန့်ကွက်လို့ မြန်မာစစ်တပ်ကကျင်းပမယ့်ရွေး‌ကောက်ပွဲ ရွှေ့ဆိုင်းဆိုတဲ့ သတင်းခေါင်းစဉ်တု

တရုတ်ကကန့်ကွက်တာကြောင့် မြန်မာစစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲနောက်ဆုတ်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရပြီ” စသည်ဖြင့်ရေးသားပြီး “A Sone Thi”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို Khit Thit Journal အမည်နဲ့ ယူကျူ့ချန်နယ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တရုတ်က ကန့်ကွက်လို့ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရတယ်လို့ ရေးသားဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည် လျားတဲ့ ဗွီဒီယိုတစ်ခုလုံးမှာ တရုတ်ထိပ်တန်းခေါင်းဆောင်တွေဖြစ် ဝမ်ယိနဲ့ ဝန်ကြီးချုပ် လီခကျန် ဓာတ်ပုံတွေ အသုံးပြုထားတာကလွဲလို့ တရုတ်အကြောင်း၊ ရွေးကောက်ပွဲအကြောင်းတစ်စုံတစ်ရာမပါဝင်ပါဘူး။  ဗွီဒီယိုတစ်ခုလုံးဟာ မီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ […]

Continue Reading

Fact Check: အိမ်တွေကို မီးရှို့ခဲ့တယ်လို့ NUG သမ္မတက ဝန်ခံခဲ့တာလား- မဟုတ်ပါ

အိမ်တွေကို မီးရှို့ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ယာယီသမ္မတကဝန်ခံလိုက်ပြီး ဒီလိုဝန်ခံတဲ့ အတွက် သမ္မတကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုက ဝေဖန်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင် သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာ ၂ ခုဟာ မတူညီတဲ့အချိန် မတူညီတဲ့အကြောင်းအရာအဖြစ်အပျက် ၂ ခုအပေါ်ပြောဆို ချက်ကို အဖြစ်အပျက်တစ်ခုထဲကို ဖော်ညွှန်းသယောင်ဖော်ပြထားခြင်းဖြစ်ပါတယ်။  “အမြင်မှန်ရလို့ဝန်ခံတာကို အိမ်တွေကို သူတို့ NUG က မီးရှို့ဖျက်ဆီးကြောင်း ဝန်ခံလိုက်တဲ့ သမ္မတရူးကို ပန်ဆယ်လိုတင်းပြီးဆဲတာ အနှစ်ကြီး” စသည်ဖြင့်ရေးသားပြီး “ကိုခန့်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် NUG သမ္မတဒူဝါလရှီးလပြောကြားချက်ဗွီဒီယိုဟာ […]

Continue Reading

Fact Check:‌ အမေရိကန်သမ္မတဟာ ခရစ်ယာန်ဖြစ်ရမယ်လို့ ပြဌာန်းမထားပါ

အမေရိကန်ရဲ့အခြေခံဥပဒေမှာ သမ္မတနဲ့ ဒုသမ္မတဟာ ခရစ်ယာန်ဘာသာဝင်သာဖြစ်ရမယ်လို့ ပြဌာန်းထား တယ်လို့ဆိုပြီး  ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။ မျှဝေလျက်ရှိတဲ့ ပို့စ်မှာ အမေရိကန်အခြေခံဥပဒေမှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာ ဝင်သာဖြစ်ရမှာဖြစ်သလို သမ္မတအိမ်ဖြူတော်မှာ ခရစ်ယာန်ကလွဲလို့ အခြားဘာသာဝင်တွေ တာဝန်ထမ်းဆောင် ခွင့်မရှိဘူးဆိုပြီး “Saw Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၅၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီအချက်အလက်မှား ပျံ့နှံ့ခဲ့ဘူးပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ တကယ်တော့ အမေရိကန်ဖွဲ့စည်းပုံအခြေခဥပဒေတစ်ခုလုံးမှာ “ဘာသာရေး”လို့ မြန်မာလို ပြန်ဆိုနိုင်တဲ့ “religion”ဆိုတဲ့ စကားလုံး ၂ လုံးသာပါဝင်တာတွေ့ရပါတယ်။  […]

Continue Reading