
အာဏာသိမ်းမြန်မာတပ်မတော်ကို မြန်မာပြည်သူတွေလိုပဲ မြန်မာရိုးရာမောင်းကို ထုပြီး ဗြိတိသျှ ဝန်ကြီး ချုပ် ဘောရီဂျွန်ဆင်(Boris Johnson)က သတိပေးခဲ့တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ရေးသားမျှဝေထား တာတွေ့ရပါတယ်။ သို့သော်လည်း ဗြိတိသျှ ဝန်ကြီးချုပ် ဘောရီဂျွန်ဆင် ဒီမောင်းခတ်နေတဲ့ ပုံဟာ ၂၀၂၀ ဖေဖော်ဝါရီလကတည်းက အင်တာနက်မှာ ပျံနှံ့လျက်ရှိတာတွေ့ရပါတယ်။
“စစ်မိစ္ဆာကောင်တွေ နိမိတ်မကောင်း မြန်မာရိုးရာမောင်းကို အားမာန်အပြည့် ထုပြီးအာဏာလုမိစ္ဆာကောင်ကို
သတိပေးလိုက်ပြီ
ဗြိတိသျှ ဝန်ကြီးချုပ် Boris Johnson
Prime minister of The Unitedkingdom
အဂ်လန်ဝန်ကြီးချုပ်သည်
မနေ့ကမြန်မာပြည်သူများ သံပုံးတီး
စစ်အာဏာတွန်းလှန်ခြင်းကို
အသိမှတ်ပြုထောက်ခံသေားအားဖြင့် မြန်မာပြည်သူတွေနဲအတူ မြန်မာဒီမိုကရေးစီကို ကူညီသွားမည်ဟုပြေားကြား
Crd: PHOTO
ကိုကိုနောင်”လို့ ရေးသားပြီး လူမှုကွန်ယက်မှာ မျှဝေထားတာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဓာတ်ပုံကို ပုံရှာနည်းအသုံးပြုပြီး Google မှာ ပုံရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဗြိတိသျှ ဝန်ကြီးချုပ် ဘောရီဂျွန်ဆင်ဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က မောင်အသေးတစ်ခုကို ထုတ်ပြီးနေဟန်ဖြစ်တာ တွေ့ရပါတယ်။ ဉရောပကနေ ဗြိတိန်ထွက်ခွာခဲ့မှုအထိန်းအမှတ်နဲ့ တီးခတ်တယ်လို့လည်း ရေးသား ထားပါတယ်။

မူရင်းလင်ခ့် – The Sun | Archive link
သို့သော်လည်း ဖေဖော်ဝါရီ ၁ ရက်မှာ ဗြိတိန်ဝန်ကြီးချုပ်ဘောရီဂျွန်ဆင်က တပ်မတော်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်ဘက်ခေါင်းဆောင်တွေကို တရားဉပဒေမဲ့ဖမ်းဆီးတာကို ရှုတ်ချထားတာတွေ့ရပါတယ်။
သုံးသပ်ချက်
ဗြိတိန်ဝန်ကြီးချုပ်ဘောရီဂျွန်ဆင်က တပ်မတော်က အာဏာသိမ်းတာကို ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ဖမ်းဆီးထားသူတွေကို အမြန်ဆုံးဖို့ တောင်းဆိုတဲ့ မှန်ပေမဲ့ မောင်တီးနေတဲ့ ပုံစံဟာ လက်ရှိအာဏာသိမ်းမှုကို သတိပေးတဲ့အနေနဲ့ တီးတယ်ဆိုတဲ့ အချက်အလက်မတွေ့ရပါဘူး။

Title:ဗြိတိန်ဝန်ကြီးချုပ်မောင်းထုပုံကို မြန်မာနိုင်ငံက ဒန်အိုးတီးတဲ့ လှုပ်ရှားမှုနဲ့မဆိုင်ပါ
Fact Check By: Nayar MaungResult: False