Fact Check: ကုလလုံခြုံရေးကောင်စီလက်မခံလို့ ရွေးကောက်ပွဲ စစ်တပ် ဖျက်သိမ်းတဲ့ သတင်းတု
ကုလသမဂ္ဂလုံခြုံရေးကောင်စီလက်မခံလို့ နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စစ်တပ်ကဖျက်သိမ်းလိုက် တယ်ဆိုပြီးဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရှိထားတယ်။ “ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ရပြီ လုံခြုံရေးကောင်စီလက်မခံလို့ ဖျက်သိမ်းခံရဟု ဇော်မင်းထွန်းဝန်ခံ၊ စစ်ကောင်စီအရှိုက်ထိနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ မြန်မာစစ်တပ်က ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ အကြောင်းသာတွေ့ရပြီး အပိုင်းလိုက် […]
Continue Reading