Fact Check: မြို့၅မြို့သိမ်းပြီး ည၉နာရီမတိုင်ခင် ၁၉မြို့ လောက်သိမ်းမယ်လို့ NUG ထုတ်ပြန်ဆိုတဲ့သတင်းတု

မြို့၅မြို့သိမ်းပြီးပြီ၊ဒီည၉နာရီမတိုင်ခင်၁၉မြို့လောက်ပိုင်နိုင်မယ်လို့ NUG က ထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဇူလိုင် ၂၃ ရက်ကဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။ NUG အနေနဲ့ကြေညာခဲ့တာမရှိပါဘူး။ Drama 45 အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “မြို့၅မြို့သိမ်းပြီးဖြစ်။ ဒီည၉နာရီမတိုင်ခင်၁၉မြို့လောက်ပိုင်နိုင်မယ် ဟုNUGထုတ်ပြန်။”လို့ရေးသားထားသလို မျှဝေထားတဲ့ ဗွီဒီယိုထဲမှာလည်း “မြို့၅မြို့ပါသွားပြီ အောင်ပွဲ ည ၉ နာရီမထိုးခင် ၁၉မြို့လောက်သိမ်းနိုင်လိမ့်မယ်လို့ NUG ထုတ်ပြန်”လို့ရေးသားထားတာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် Drama 45 အမည်နဲ့စာမျက်နှာဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းတွေကို ဗွီဒီယိုပုံစံပြုလုပ်ပြီး သတင်းခေါင်းစဉ်အတု၊ သတင်းခေါင်းစဉ်အမှားတွေပေးပြီး ဖြန့်ချိတာတွေဆက်တိုက်လုပ်နေတဲ့ စာမျက်နှာတစ်ခု ဖြစ်တာတွေ့ရပါတယ်။ “မြို့၅မြို့ပါသွားပြီ အောင်ပွဲ ည ၉ နာရီမထိုးခင် ၁၉မြို့လောက်သိမ်းနိုင်လိမ့်မယ်လို့ […]

Continue Reading

Fact Check: ရွှေတိဂုံဘုရားချနင်းဖို့ ဒေါ်စုစေခိုင်းခဲ့လို့ သာဝန်ထွက်ဆိုတဲ့အချက်အလက် မှား

ရွေတိဂုံဘုရားကိုချနင်းဖို့အတွက် Hip Pop အဆိုတော် Project K အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က စေခိုင်း တာလို့ သာသနာရေးဝန်ကြီးကဖြောင့်ချက်ပေးထွက်ဆိုတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန် များစွာပျံ့နှံ့ လျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ဝါဒဖြန့်ချိရေး အချက်အလက်မှားတွေဖြစ်တာ တွေ့ရပါတယ်။  ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ “သာ/ဝန်ဖြောင့်ချက်”လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး ရွှေတိဂုံဘုရားကို နင်းတာဟာ ယတြာခြေတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလုပ်ခိုင်းခဲ့တာဖြစ်ပြီး ဒီကိစ္စအပြီးမှာ Project K ကို သိန်းတစ်ထောင်ပေးခဲ့တယ်လို့လည်းရေးသားထားပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်ပါစာသားကောက်နှုတ်ချက်အချို့မှာအောက်ပါအတိုင်းဖြစ်ပါတယ်။ “ရွေတိဂုံဘုရား ချနင်းဖို့ (ဒေါ်စု)  စေခိုင်းခဲ့…. သာဝန်ထွက်ဆိုပြီး…..ပဒဲကော K ရဲ့ လုပ်ဆောင်မှု ၊ ယတြာ ကိန်းခန်းတွေ မပြတ်လုပ်ဆောင်နေတဲ့  အာဏာရ လူတွေဟာ ၂၀၂၀ မှာ ဘာသာရေး အရောင်မှိန်ပြီး သူတို့ဩဇာ အာဏာတည်စေဖို့ မဘသလိုအခြား […]

Continue Reading

Fact Check: ကရင်ပြည်နယ်မှာ မြန်မာစစ်သားတွေ ပြန်လည်မြှုပ်နှံမှုကို စစ်ကိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအဖြစ်ပျံ့နှံ့

စစ်ကိုင်းတိုင်းမှာ ပြည်သူတွေကို သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားတွေက အလောင်းဖျောက်နေတဲ့ ရုပ်သံ မှတ်တမ်းဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျှက်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းက ကရင်ပြည်နယ် ကနဲလေးကျေးရွာအနီးမှာ မြန်မာစစ်သားတွေကို KNDO ကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ရွံ့ညွှန်တွေပေကျံနေတဲ့ လူသေအလောင်းတွေကို မြင်တွေ့ရပြီး စစ်ယူနီဖောင်းနဲ့ စစ်သားတွေက မြေကျင်းတစ်ခုထဲကို ပြန်လည်ချနေတာတွေ့ရပါတယ်။  “စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် ရုပ်သံမှတ်တမ်း သား​လေး”လို့ ရေးသားပြီး “Thuya Zaw” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၇၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အခြားသောပြောဆိုချက်တွေမှာ “စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် […]

Continue Reading

Fact Check: PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှား

PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ ဖြန့်ဝေခဲ့တဲ့ပို့စ်တွေမှာ “ပြည်သူတွေအမြန်ပြေးကြပါ။ PDF၂သိန်းနေပြည်တော်ကို သိမ်းနေ လို့ပါ။”လို့ရေးသားပြီး ဓာတ်ပုံတစ်ခုပေါ်မှာလည်း “အခုပဲနေပြည်တော်မှာဖြစ်သွားတာ ပြည်သူတွေ အမြန်ပြေးကြပါ။ PDF၂သိန်းနေပြည်တော်ကို သိမ်းနေပြီ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်ပုံမှန် အသုံးပြုသူတစ်ယောက်အနေနဲ့ ဖြန့်ဝေထားတဲ့အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုတစ်ခုအဖြစ်အလွယ်တကူသိနိုင်ပါတယ်။ ဓာတ်ပုံထဲမှာ နိုင်ငံခြားသတင်း ဌာနတစ်ခု ကကြေညာ သူတစ်ဦး ဓာတ်ပုံကို အသုံးပြုထားပေမဲ့ Fact Crescendo Myanmar အနေနဲ့ PDF တွေ နေပြည်တော်ကို သိမ်းနေပြီဆိုတဲ့သတင်းမျိုး မီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။ ကားမီးလောင်နေတဲ့ဓာတ်ပုံဟာ […]

Continue Reading

Fact Check: PDF တွေ အိမ်မပြန်ရင် နစကထံအပ်နှံမယ်လို့ KNU တာဝန်ရှိသူက ပြောနေတာလား-မဟုတ်ပါ

PDF တွေ အိမ်မပြန်ရင် နစကထံအပ်နှံသွားမယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားချက် ဗွီဒီယိုလို့ ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ၂၈ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ဗိုလ်စလုံးက PDF တွေကို အိမ်ပြန်ဖို့နဲ့ မပြန်ရင် နစကလက်အပ်မယ်လို့ ပြောနေတာပါ။ တကယ်တော့ အသံပိုင်းဆိုင်ရာ ပြုပြင်ပြောင်း လဲထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ “KNU များအနေဖြင့် PDF များကို NUG ထံမှ မျောက်ပြ ဆန်တောင်းသဘောမျိုးဖြင့် လက်ခံထားရာမှ KNU တပ်မဟာ ၅ နှင့် ၆တို့ကို …တပ်မတော်မှ ဖွတ်ဖွတ်ကြေအောင် ထိုးစစ်ဆင်လိုက်ရာမှစ၍ စစ်ပွဲကိုဆက်တိုက် နေခြင်းသည် ၎င်းတို့အတွက် အကျိုးအမြတ်မရှိ  ငြိမ်းချမ်းရေးရယူခြင်းဖြင့်သာ  အကျိုးရှိနိုင်မည်ကို သိမြင်လာ သဖြင့် လက်ရှိ မိမိတို့ထံတွင် ခိုလှုံနေသည် PDF များကို ၎င်းတို့၏ […]

Continue Reading

Fact Check: ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစုတွေပါခေါ်ပြီး NUG နဲ့ပူးပေါင်းတယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဗိုလ်ချုပ်မြထွန်းဦးမိသားစုတွေ လေယာဉ်ပါယူပြီး NUG နဲ့ပူးပေါင်းပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုသတင်းမှားဖြစ်ပါတယ်။ “ပျော်လွန်းလို့မျက်ရည်ကျ။ ဗိုလ်ချုပ်မြထွန်းဦးမိသားစု လေယဥ်ပါယူပြီးNUGနဲ့ပေါင်းပြီ။”လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာတွေမှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဝက်ဘ်ဆိုဒ်လင့်ခ်ပါ ဓာတ်ပုံစာသားနေရာမှာလည်း “ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစု လေယာဉ်နဲ့ NUG ထံလာရောက်ပူးပေါင်းတဲ့ အတွက် မျက်ရည်ပါကျ”လို့ ရေးသားထားပါတယ်။ တစ်ခြားဖေ့စ်ဘွတ်စာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်ဂရုတွေမှာ လည်း ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေ တာလည်းတွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာနဲ့ ဒီနေရာ မှာကြည့်ပါ။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် ဝက်ဘ်ဆိုဒ်လင့်ကိုထောက်ကြည့်ရာမှာ Youtubeနဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ သီရိလင်္ကာ သမ္မတနဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်စစ်တပ်အကြောင်းကို နှိုင်းယှဉ်ပြောကြားချက်တွေပါဝင်ပြီး ခေါင်းစဉ်မှာ ပေးထားလို ဗိုလ်ချုပ်မြထွန်းဦးအကြောင်းမပါဝင်ပါဘူး။ […]

Continue Reading

Fact Check: ရွာသူရွာသားတွေကို PDF ကကြိမ်နဲ့ရိုက်တဲ့ဗွီဒီယိုနဲ့ပတ်သက်ပြီး သတင်းအမှားများပျံ့နှံ့

အမျိုးသား၊အမျိုးသမီး အသက်ကြီးငယ်မရွေးကို အမျိုးသားတစ်ဦးက ကြိမ်တုတ်နဲ့ အားကုန်လက်လွဲရိုက်နေ တဲ့ဗွီဒီယိုဟာ အကြောင်းအရာအမျိုးမျိုးနဲ့ရေးသားဖြန့်ဝေမှုတွေနဲ့အတူ ပျံ့နှံမှုအားကောင်းနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူတွေကိုနားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ ပြောဆိုချက် ၁ ဝက်လက်မြို့နယ်မှာ ရှေးဟောင်းပစ္စည်းရှာဖွေဖို့လာရောက်တဲ့သူတွေကို PDF ရိုက်နှက်ပြန်လွှတ်နေတဲ့ ရုပ်သံဖိုင်ဆိုတဲ့ ပြောဆိုချက်ဖြစ်ပါတယ်။ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ပြောဆိုချက် ၂ တပ်ထောက်ခံပွဲမှ ပြန်လာတဲ့သူတွေကို နယ်မြေခံPDFတွေက အပြစ်ပေးဆုံးမနေတဲ့ ရုပ်သံဖိုင်ဆိုတဲ့ ပြောဆိုချက်ပဲ ဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာကဖြစ်စဉ်ဖြစ်ပါတယ်။ စစ်တပ်က မီးရှို့လို့ ပျက်စီးသွားတဲ့ရွာတွေမှာ မီးလောင်ပြင်က ကျန်တဲ့အတိုအစတွေကိုဝယ်ဖို့ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ၂၀၁၉ ခုနှစ်အတွင်းက ပေါင်မြို့နယ်မှာ BGF ၂ဦးဝိုင်းဖမ်းခံရမှု ဖြစ်စဉ်သာဖြစ်တယ်

လက်နက်နဲ့ PDF ၂ ဦးကို ပြည်သူတွေကို ဝိုင်းဖမ်းပေးတဲ့ ရုပ်သံဖိုင်ဆိုပြီးတော့ ဗွီဒီယိုဖိုင်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့၂၀၁၉ ခုနှစ်က ပေါင်မြို့နယ်မှာ BGF နှစ်ယောက်ကို ဝိုင်းဖမ်း ဆီးမှုဖြစ်စဉ်ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်လို့ မြန်မာလို့ခေါ်တဲ့ BGF ဟာ တိုင်းရင်းသားအချို့ဦးစီးတဲ့ မြန်မာစစ်တပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဖြစ်ပါတယ်။  ၁၉ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ သေနတ်တစ်လက်နဲ့ပြေးလားတဲ့ အမျိုးသားတစ်ဦး၊ လူတစ်ယောက်ကို ဝိုင်းဝန်းဖမ်းဆီးနေတဲ့မြင်ကွင်းတွေနဲ့ ဆိုင်ကယ်နဲ့လိုက်ဖမ်းနေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ “သေနတ်ပါသည့် PDF ၂ဦးကို ပြည်သူများက ဝိုင်းဖမ်းပေးသည့် ရုပ်သံဖိုင်”လို့ ရေးသားပြီး ဒီဗွီဒီယိုကို “San Thit Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေမှုပေါင်း ၁၁၀၀ ရှိပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းမှား

နိုင်ငံတကာက ဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးတောင်းဆိုနေတဲ့ကြားထဲက စစ်တပ်က စွပ်စွဲမှုအများနဲ့  ဇွန်လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပုံစံချထားရာကနေ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ ထောင်ကိုပို့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ထားဖို့ အာဆီယံ အထူး ကိုယ်စားလှယ်က စာထုတ်တောင်းဆိုခဲ့ပါသေးတယ်။ ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွတ်မြောက်လာပြီ ရန်ကုန်အိမ်ပြန်ရောက်ပြီဆို တဲ့ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်တာတွေ့ရပါတယ်။ “အမေပြန်လွတ်လာပြီဟေ့#သိပြီးကျပြီလား”လို့ ရေးသားပြီး လင့်ခ်တစ်ခုကို “whjkyu” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ လူထုတွေကြားက ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ မြဝတီသတင်းဌာနကသတင်းကြေညာသူပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်တို့ရဲ့ ဓာတ်ပုံတွေပေါ်မှာ “၁၂ ရက် ကွင်းလုံးကျွတ်လွတ်ပြီ အမှုအားလုံး ရုတ်သိမ်းကြောင်း ယနေ့ ကြေညာလိုက်ပြီ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: ပက်စ်ပို့သက်တမ်းတိုးဖို့ မြန်မာနိုင်ငံကို ပြန်လာဖို့လိုတယ်ဆိုတာ မဟုတ်ပါ

 ပြည်ပရောက်မြန်မာတွေ ပက်စ်ပို့သက်တမ်းတိုးမယ်ဆိုရင် ပြည်တွင်းကို ပြန်လာပြီးတော့မှ တိုးလို့ရမယ်ဆိုတဲ့ သတင်းတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီသတင်းဟာ သတင်းမှားသာ ဖြစ်တယ်လို့ စစ်တပ်ကိုသစ္စာခံတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က မြန်မာနိုင်ငံသံရုံးက ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ အသိပေးထားပါတယ်။ “#ဒီသတင်းဟာအမှန်အကန်လား သတင်းအမှန်ပါ အမေရိကန် မြန်မာသံရုံးကို အခုပဲ  ဖုန်းဆက်မေးပြီးပါပြီ စစ်ကောင်စီမှ ပြည်ပရောက်မြန်မာများအား Passport သက်တမ်းတိုးပေးခြင်းကို ပိတ်ပင် ————- ပြည်သူများအား မျိုးစုံဖိနှိပ်နေသော စစ်ကောင်စီသည် ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ် ပတ်စပို့သက်တမ်းတိုးပေးခြင်းအား ပိတ်ပင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ခြွင်းချက်အနေဖြင့် PD ဟုခေါ်သော Diplomatic Passport နှင့် PO ဟုခေါ်သော Official Passport  နှစ်မျိုးမှ အပ ကျန် နိုင်ငံကူးလက်မှတ်များအားလုံး […]

Continue Reading